1

46.6K 1.7K 66
                                    

Zawgyi>>>

ဝေါယာဉ်...ရွှေရောင်တလက်လက်တောက်ပရင်း ပန်းတွေနဲ့အလှဆင်ထားသော ဝေါယာဉ်တစ်ခု...

အတော်လေးကျယ်ဝန်းကာ သေသပ်လှပသော ထိုဝေါယာဉ်ကြီးရဲ့ရှေ့တွင် မျက်နှာကိုပုဝါအဖြူစတစ်ခုနဲ့အုပ်ထားသော ကောင်လေးတစ်ယောက်ရပ်နေသည်

ထိုဝေါယာဉ်ကသိပ်ကိုလှပလွန်းနေပေမဲ့ သူ့အတွက်တော့ငရဲခန်းရဲ့ အစပျိုးရာဖြစ်မည်ထင်ရဲ့...

မိမိဘေးတွင်ရှိသော ခမည်းတော်နဲ့မယ်တော်တို့ကလဲ စိတ်မကောင်းဖြစ်စွာရပ်ကြည့်နေကြတယ်

"ခမည်းတော်..."

"ဂရုစိုက်သွားပါ ယောလ်လေး ဟိုမှာတစ်ခုခုမှားရင်အသက်ပါပါသွားနိုင်တာသိတယ်မလား?"

"သားသိပါတယ် ခမည်းတော် သားတော်ဂရုစိုက်ပါ့မယ်"

မျက်ရည်ဝဲကာကြည့်နေသော မယ်တော်ကို ယောလ်လေးပုဝါအောက်ကပင် ခပ်လျော့လျော့ပြုံးပြမိတယ်

"မယ်တော်..သားတော်အဆင်ပြေပါတယ်"

"ဂရုစိုက်ပါသားလေး မယ်တော်မကာကွယ်ပေးနိုင်ခဲ့တဲ့ အတွက် တကယ်စိတ်မကောင်းဖြစ်မိတယ်"

ယောလ်လေး...ရှီလာနိုင်ငံရဲ့ အငယ်ဆုံးသားတော်လေးဖြစ်တဲ့အပြင် တစ်နိုင်ငံလုံးကချစ်ခင်ကြပြီး ချောမောလှပလွန်းတဲ့ရုပ်ရည်ကြောင့် တိုင်းပြည်အနှံ့အပြားမှာ သူ့အကြောင်းဟာထင်ရှားသည်

သာမာန်ထက်ကိုချောမောလွန်းပြီး နှစ်လိုဖွယ်အပြုံးလေးကို မြင်ရတဲ့သူတိုင်းဟာ သူ့ကိုလိုချင်ကြတာကြောင့် ယောလ်လေးဟာငယ်စဉ်ကတည်းက ပုဝါစအဖြူကိုမျက်နှာမှာစည်းထားခဲ့ရတယ်

ယောလ်လေးဟာ ဘယ်သူ့ရှေ့မှာမှသူ့ပုဝါကို ချွတ်မပြခဲ့ဘူး...

ဒါပေမဲ့ယောလ်လေးရဲ့ နို့နှစ်ရောင်အသားရည်...သွယ်လျတဲ့ခန္တာကိုယ်လေးနဲ့ ပုဝါအောက်က မျက်ဝန်းရဲ့အကြည့်လေးတွေကပင် လူကိုငေးသွားစေနိုင်သည်

ဟုတ်တယ်...ယောလ်လေးက အဲ့လောက်ထိကိုလှပတယ်...

အဲ့တာကြောင့်လဲ ယောလ်လေးရဲ့အထိန်းတော်နဲ့ မိဘတွေသာယောလ်လေးကို မြင်တွေ့ခွင့်ရှိပြီး အဆောင်ပြင်ကိုတောင်သိပ်မထွက်ခဲ့ဘူး

~~အသုံးတော်ခံ~~Where stories live. Discover now