12

19.2K 1.1K 81
                                    

Zawgyi>>>

လွန်ခဲ့သော ၁၀ နှစ်ခန့်ယွမ်နိုင်ငံ #

ရှီလာ၏သံတမန်အချို့ရောက်နေကြသည်...
ထိုအထဲတွင်တော့ ရှီလာရဲ့ရတနာလေး မင်းသားငယ်ယောလ်လေးလဲ ပါလာခဲ့တာပေါ့

"အထိန်းတော်ကြီး ယောလ်လေးပျင်းတယ်ရယ်"

နှုတ်ခမ်းလေးဆူကာ စကားမပီကလာလေးနဲ့ ပြောလာသော ယောလ်လေးကြောင့် သူမရယ်မိသည်...

ဝတ်ရုံအကြီးကြီးကြားမှာ ကြက်ပေါက်စလေးလို လူကောင်သေးသေးနဲ့ နှုတ်ခမ်းလေးထော်ထားတဲ့ ယောလ်လေးက ဘယ်လောက်တောင်အူယားဖို့ကောင်းနေလိုက်မလဲ...

"မင်းသားလေးရယ် ခဏပဲသည်းခံလေ...နောက်နှစ်ရက်ဆိုပြန်ရမှာပါ"

အထိန်းတော်ကြီးစကားကြောင့် ယောလ်လေးမျက်လွှာလေးချကာ လက်ကလေးတွေကို ယှက်သွယ်ရင်းဆော့နေသည်

"ယောလ်လေး လိပ်ပြာလေးတွေနဲ့လဲမဆော့ရပု ပန်းတွေလဲချိပု ဒီနေရာကို အားကျိမုန်းတာပဲ"

ထိုင်ခုံအမြင့်ကြီးပေါ်တက်ထိုင်ရင်း ပွစိပွစိလေးပြောနေတဲ့ ၇ နှစ်အရွယ်ကလေးပေါက်စလေးအား သူမရယ်နေမိသည်

ဒါကိုသိတော့ ယောလ်လေးက သူ့ကိုလှမ်းကြည့်ကာ နှုတ်ခမ်းပါးပိစိလေးပွင့်ဟသွားတယ်

"အထိန်းတော်ကြီး ဘာရယ်တာလဲဟင် ယောလ်လေးလဲ ရယ်ချင်တယ်"

အထိန်းတော်ကြီးခေါင်းခါပြကာ ဆက်ရယ်နေသည်မို့ ယောလ်လေးနှုတ်ခမ်းကိုထော်ပစ်လိုက်သည်

ယောလ်လေးသိချင်တာကို မပြောပဲနဲ့ အထိန်းတော်ကြီးက အကျင့်ပုတ်တယ်...
ယောလ်လေးလဲရယ်ချင်တာပေါ့လို့

ယောလ်လေးလျှောက်ကြည့်နေတုန်းမှာပဲ လိပ်ပြာလေးတစ်ကောင်က အဆောင်အပြင်ဘက်ကနေဖြတ်သွားသည်ကို တွေ့လိုက်ရသည်

ပျင်းနေတဲ့ယောလ်လေးအဖို့တော့ လိပ်ပြာလှလှလေးကိုမြင်တာနဲ့ လိုက်ဖမ်းတိုင်းဆော့တော့တာပေါ့

ဒါကိုအလုပ်ရှုပ်နေတဲ့ အထိန်းတော်ကြီးလဲမမြင်လိုက်ချေ...

"ခိခိ ဟိဟိ"

အူမြူးကာ အရမ်းလှနေသောလိပ်ပြာငယ်ကို လိုက်ဖမ်းနေသော ယောလ်လေး...

~~အသုံးတော်ခံ~~Where stories live. Discover now