25

14.9K 937 89
                                    

Zawgyi>>>

ဂျွန်ပြုတ်ကျသွားဖူးသော ချောင်းလေးနားတွင် နှစ်ယောက်သား ရပ်ရင်း ရေစီးသန်တဲ့ ထိုချောင်းကိုငေးကြည့်နေမိတယ်

ထိုကမ်းစပ်နားတွင် ဂျွန်ကိုကယ်ရန် ပြေးဆင်းဖို့ကြိုးစားခဲ့ဖူးသည်

အရူးတစ်ယောက်လို သုံးလေးရက်မအိပ်ပဲ ဂျွန်ပြန်လာမှာပါရေရွတ်ရင်း ကမ်းစပ်နားထိုင်နေခဲ့ဖူးသည်...

နှစ်တိုင်းထိုနေရာလေးမှာထိုင်ရင်း
ဂျွန်ပြန်အလာကိုစောင့်နေခဲ့ဖူးသည်

နာကျင်စရာများစွာရှိတဲ့ ထိုနေရာကို အခုသူနဲ့အတူပြန်လာရင်း အတူရှိနေရပြီတဲ့လား...

"ယောလ်လေးကိုကယ်ပေးလို့ ကျေးဇူးတင်ပါတယ်"

"မဟုတ်တာ...ယောလ်လေးက ကိုယ့်ညီလေးလိုပါပဲ"

"စစ်နတ်မင်းအရမ်းခံစားခဲ့ရတာ"

"အင်း သိပ်တယ် ရှန်ဟီမယ်မယ်ရဲ့ အဆောင်နားကဖြတ်သွားရင်း သူတို့ပြောနေတာတွေ ကြားခဲ့ရတယ်"

"ရှန်ဟီမယ်မယ်?"

"အင်း သူမကဟျွန်းရဲ့နှလုံးသားကို သိမ်းပိုက်ချင်နေပုံပဲ သူမရဲ့မောင် ယူဝမ်မင်းသားငယ်ကလဲ ယောလ်လေးကိုနှစ်သက်နေတာလေ"

"ဘာ!ကြင်ယာတော်ယောလ်လေးက စစ်နတ်မင်းရဲ့..."

"အဲ့တာကြောင့်လဲ သူအပိုင်ဖြစ်ချင်လို့ကြံစည်နေတာပေါ့"

ရှင်းအလိုမကျဟန် မျက်နှာကိုမဲ့သည်... ကြင်ယာတော်ယောလ်လေးနဲ့ စစ်နတ်မင်းကိုခွဲမည်ဆိုပါက ယွမ်နိုင်ငံမှာရှိတဲ့ မည်သည့်တိုင်းသူပြည်သားမဆို သည်းခံနိုင်မှာမဟုတ်ချေ

ကြင်ယာတော်ယောလ်လေးကို မမြင်ဖူးပေမဲ့ သူတို့လေးစားအားကျကြတယ် ကြင်ယာတော်ယောလ်လေးရဲ့ ကြင်နာမှုတွေကို သူတို့ကြားရတာနဲ့အမျှ စစ်နတ်မင်းနဲ့ကြင်ယာတော်ယောလ်လေးရဲ့ ချစ်ခြင်းကို ချစ်စရာဇာတ်လမ်းလေးတစ်ပုဒ်လိုပင် ရေးတတ်ကြသေးသည်

ဒီကိစ္စသာ ကောလဟာလအဖြစ်ပြန့်ကြားပါက ရှန်ဟီမိဖုရားခေါင် တကယ်ပင်ပြသနာဖြစ်မှာလေ...

~~အသုံးတော်ခံ~~Where stories live. Discover now