18

18.6K 1.2K 259
                                    

Zawgyi>>>

ယွမ်အင်ပါယာရဲ့ ပန်းဥယျာဉ်ထဲတွင် ပန်းလေးတွေနဲ့ပြိုင်လှနေသော အသုံးတော်ခံလေး...

ယောလ်လေးရဲ့အပြုံးလေးတွေကို ပုဝါအပါးစလေးက ဖုံးအုပ်ထားသော်လဲ ယောလ်လေးအပေါ် ဖြာကျနေတဲ့ နေရောင်ခြည်နွေးနွေးကပင် ယောလ်လေးအလှတို့အား ပေါ်လွင်နေစေတယ်

ပန်းလေးတွေကို လက်နုနုလေးတွေနဲ့ ထိကြည့်လိုက် လိပ်ပြာလေးတွေနဲ့ ဆော့လိုက်နဲ့ ယောလ်လေးအတော်လေးပျော်နေသည်

"ယောလ်...ယောလ် ဒီပန်းတွေပိုလှတယ်"

မိဖုရားယူနာက လှမ်းခေါ်တာကြောင့် ယောလ်လေးထိုပန်းလေးတွေကိုကြည့်ကာ ပြုံးမိတယ်

ယူနာနဲ့သူလဲ တော်တော်လေးခင်နေပါပြီ ကလေးတွေသာရှိသေးတာကြောင့် နှစ်ယောက်သား ဆော့ဖော်ဆော့ဖက်လိုပဲပေါ့

"ငါလျှို့ဝှက်ချက်တစ်ခုပြောပြရမလား"

ယူနာပြောလာတာကြောင့် ယောလ်လေးမျက်ဝန်းလေးတွေဝိုင်းကာ ခေါင်းငြိမ့်ပြတယ်

ထို့နောက် ယူနာပြုံးစိစိနဲ့ အနားတိုးကာ ဘေးဘီကိုလဲတစ်ချက်ကြည့်လိုက်သေးသည်

"ဒီဥယျာဉ်ကို စစ်နတ်မင်းဘာလို့အလှဆင်ထားလဲသိလား"

"ဟင့်အင်း"

ယောလ်လေးမျက်လုံးလေးပြူးကာ ခေါင်းခါပြသည် သူယွမ်ကိုမရောက်လာ
ခင်ကထဲက ဒီပန်းခြံကရှိနေပြီးသားဖြစ်သလို သူ့အဆောင်နဲ့အနီးဆုံးမှာရှိလို့ သဘောကျခြင်းသာဖြစ်သည်

"စစ်နတ်မင်းက နင့်အတွက်ကြိုပြင်ထားတဲ့လက်ဆောင်လေ"

"ဟင်!"

ယောလ်လေး မျက်ဝန်းလေးတွေဝိုင်းစက်ကာ အံ့သြသွားဟန်ပြုသည်...

"ဟုတ်...ဟုတ်လို့လား"

"အင်းဆို...ရှီလာကိုရာဇသံမပို့ခင်ကထဲက နင်ပန်းလေးတွေချစ်တာသိလို့ အရှင်ကြိုလုပ်ခိုင်းခဲ့တာ...တကယ်မသိဘူးလား?"

ယောလ်လေး နှုတ်ခမ်းလေးပင်ပွင့်ဟသွားရသည်  အရှင်ယောလ်လေးအတွက် ဒီလောက်လုပ်ပေးထားမယ်လို့ မထင်မိခဲ့...

~~အသုံးတော်ခံ~~Where stories live. Discover now