11

19.2K 1.1K 89
                                    

Zawgyi>>>

မျက်တောင်လှလှလေးတွေက မှေးစင်းနေတဲ့ မျက်လုံးလှလှလေးတွေကိုကွယ်ထားကြသည်

တင်းတင်းစိထားတဲ့ နှင်းဆီရောင်နှုတ်ခမ်းပါး ဖူးဖူးလေးက မေ့မျောနေတာတောင် ယောလ်လေးရဲ့အလှကိုအသက်ဝင်စေတယ်

ယောလ်လေးလက်ကို သေချာစွာဆုပ်ကိုင်ထားရင်း စိတ်ပူနေမိတာအမှန်...

သမားတော်၏ ထိတ်လန့်မှုကြောင့် ဖြစ်သွားတာဆိုသောစကားကို သိပ်ဘဝင်မကျပေမဲ့လဲ သူသိတာတစ်ခုထဲရှိသည်

သူယောလ်လေးကို အရမ်းစိတ်ပူနေတယ်လေ...

ယောလ်လေးတစ်ခုခုဖြစ်သွားမှာ သူ့အလိုလိုကြောက်မိနေတယ်...

ယောလေးကိုများဆုံးရှုံးလိုက်ရရင် ဆိုတဲ့အတွေးကြီးက စစ်နတ်မင်းဆိုတဲ့သူ့အား ခြောက်လှန့်နေတော့သည်

မင်းကို ကိုယ်တော် အရမ်းစိတ်ပူတယ် ယောလ်...

အဲ့တာကြောင့် မြန်မြန်နိုးထလာပါ...

မှေးစင်းနေတဲ့ မျက်တောင်လေးက တစ်ချက်တစ်ချက်လှုပ်ရှားလာတာကြောင့် သူစိုးရိမ်တကြီးငေးကြည့်မိတယ်

ဆုပ်ကိုင်ထားတဲ့ သူ့လက်ဖဝါးထဲမှ ယောလ်လေးရဲ့လက်ချောင်းလေးတွေက လှုပ်လာတာကြောင့် ချက်ချင်းမတ်တပ်ထရပ်မိသည်...

"ယောလ်လေး...သတိရပြီလား"

ပါးပြင်လေးကိုအုပ်မိုးကိုင်ကာမေးတော့
နှုတ်ခမ်းပါးအစုံကပွင့်ဟလာသော်လဲ ဘာမှမပြောတာကြောင့် သူပိုပြီးစိတ်ပူလာရတယ်...

"အပြင်မှာတစ်ယောက်ယောက်ရှိလား!အခုချက်ချင်း သမားတော်ခေါ်ခဲ့စမ်း!"

"အရှင်..."

ယောလ်လေးခေါ်သံလေးကြောင့် သူ ယောလ်လေးအနားကိုကပ်သွားကာ လက်ကလေးကိုလဲ ဆုပ်ကိုင်ထားမိသည်

"အဆင်ပြေရဲ့လားယောလ်...ဘယ်နားနာနေလဲ?"

"ယောလ်လေး အဆင်ပြေပါတယ်အရှင်"

ယောလ်လေးခပ်ယဲ့ယဲ့ပြုံးကာပြောတော့ အရှင်က သူ့ဆံနွယ်လေးတွေအား နဖူးပြင်မှသပ်တင်ပေးလာတယ်...

~~အသုံးတော်ခံ~~Where stories live. Discover now