4

26.4K 1.2K 67
                                    

Zawgyi>>>

သူ အဆောင်ထဲဝင်လာသောအခါ အတော်ကြီးမားသောစားပွဲကြီးဘေးက ထိုင်ခုံတွင်ထိုင်နေသော ယောလ်လေးကိုတွေ့ရသည်...

အောက်ခံအဖြူအပါးလေးကိုသာဝတ်ထားသော ကောင်လေးအသားမှာ နို့နှစ်ရောင်လိုလှပနေပြီး ပုဝါအဖြူစအပါးလေးကိုလဲ မျက်နှာတွင်တပ်ထားသည်...

ခန္တာကိုယ်လေးဟာလဲ ခါးသွယ်သွယ် လက်ချောင်းလှလှလေးတွေနဲ့ လှချင်တိုင်းလှနေတာကြောင့် သူ ခဏတာငေးမိသွားတယ်...

သူအနားတိုးကာလျှောက်သွားတော့ ကောင်လေးခေါင်းကိုအတင်းငုံ့ထားသည်က အလွန်ကြောက်နေဟန်...

"မင်းအခုရောငြင်းဦးမှာလား ယောလ်?"

မျက်နှာနှစ်ခုကနီးကပ်လွန်းနေသောကြောင့် ယောလ်လေး ခေါင်းကိုအတင်းငုံ့ထားမိသည် ဒါကိုမကျေနပ်တဲ့အရှင်က သူ့မေးစေ့မှဆွဲမော့စေကာ အကြည့်ချင်းဆုံစေတာကြောင့် ကြောက်လွန်းလို့နှုတ်ခမ်းလေးတွေပင်တုန်လာရတယ်...

အရှင်ရဲ့လက်တွေက သူ့မျက်နှာလေးကိုအုပ်ထားတဲ့ ပုဝါစနားရောက်လာတာကြောင့် ယောလ်လေးမိမိလက်ထဲမှ ဝတ်ရုံစကိုအတင်းဆွဲဆုပ်ထားမိသည်

"အ..အရှင်..."

ကြောက်နေသည့် ယောလ်လေးပုံစံနဲ့ ၁၀ နှစ်ကျော်လုံးလုံးဘယ်သူမှမြင်ပိုင်ခွင့်မရှိတဲ့ အလှပဆုံးဆိုသောမျက်နှာလေးအား မြင်တွေ့ရန်မှာ သူ့အတွက်တော့ အနည်းငယ်ရင်လေးစရာကောင်းသည်

မျက်နှာကိုအုပ်ထားတာတောင် ကြည့်ရအလွန်လှနေတဲ့ ကော်ပတ်ရုပ်လေးလိုကောင်လေးက
ဘယ်လောက်ထိတောင်လှပနေခဲ့လို့ လူတိုင်းကလိုချင်နေရတာလဲဆိုတဲ့ သံသယနဲ့အတူ...
ပုဝါဖြူကိုလက်နှင့်ဆွဲဖယ်လိုက်သောအခါ...

???

သူမှင်သက်သွားရသည်...

မျက်လုံးလှလှလေးတွေကအရည်လဲ့နေကာ ကော့စင်းနေသောမျက်တောင်လေးတို့က အလှဆင်ထားကြသည်...
နှာတံသွယ်သွယ်လေးနဲ့ ဖောင်းဖောင်းလေးဖြစ်နေသောပါးပြင်လေး...

သူအတန်ကြာသည်အထိ ငေးကြည့်နေမိတာကတော့ ကောင်လေးရဲ့နှုတ်ခမ်းသားနုနုလေးတွေကိုပါပဲ

~~အသုံးတော်ခံ~~Where stories live. Discover now