30

14.7K 1K 101
                                    

Zawgyi>>>

~ဒုန်းး

စားပွဲခုံကိုလက်ဖြင့်ထုလိုက်သည့်အတွက် ကျယ်လောင်စွာထွက်လာသော အသံကြောင့် ညီလာခံအတွင်း အမတ်တွေအကုန် လန့်သွားကြရသည်

ဒေါသအရမ်းထွက်နေတဲ့ စစ်နတ်မင်းကြောင့် အကုန်လုံး ပြားပြားဝပ်နေရကာ ခေါင်းတောင်မဖော်ရဲကြ...

"ဒါကဘယ်လိုအဖြစ်အပျက်မျိုးလဲ?! ကိုယ်တော်မရှိတဲ့အချိန်အတွင်း ကြင်ယာတော်ယောလ်လေးကို ဘယ်လိုအပြုအမူမျိုးကျူးလွန်လိုက်ကြတာလဲ!!"

မည်သူ့ထံမှမျှ စကားသံတစ်စိုးတစိထွက်မလာချေ... အကြောင်းအရင်းက စစ်နတ်မင်းရဲ့အမေ မယ်တော်ကြီးနဲ့ အမတ်ချုပ်ကြီး...
ပြီးတော့သူ့သမီး မိဖုရားခေါင်...

ဒီအာဏာရှိသော လူသုံးယောက်ရဲ့ ချုပ်ကိုင်မှုကို ဘယ်သူကထုတ်ပြောရဲမှာတဲ့လဲ...

အမတ်တွေခမျာ  စစ်နတ်မင်းရဲ့သေဒဏ်ကိုလဲကြောက်ရ မယ်တော်ကြီးနဲ့မိဖုရားခေါင်တို့ကိုလဲ ကြောက်ရနှင့် မိမိတို့အသက်ကို ဖက်နဲ့ထုပ်ထားရသည့်သဘော...

"တရားရေးရာအမတ်ကြီး... အခုအဖြစ်ပျက်ကို မောင်မင်းမသိသလား?! ကြင်ယာတော်လေးကို ကဝေလို့စွတ်ဆွဲ ထားတာကို လက်ပိုက်ကြည့်နေရသလား!ဒီလောက်တောင်မှန်ကန်အောင် မဆုံးဖြတ်နိုင်ပဲ မောင်မင်းကဒီရာထူးမှာနေသင့်ရဲ့လား!!"

ဓားက မိမိလည်ပင်းနားရောက်လာတော့မည်မို့ တရားရေးရာဝန်ကြီးလဲ မပြော၍မရတော့ချေ...

ခေါင်းကိုတွင်တွင်ငုံ့ မြေကြီးနဲ့ထိမတတ် ဦးညွှတ်ရင်း စစ်နတ်မင်းထံ လျှောက်တင်ရတော့တယ်

"သေ..သေလောက်တဲ့ အပြစ်ကျူးလွန်မိပါတယ် စစ်နတ်မင်း! မယ်...မယ်တော်ကြီးနဲ့မိဖုရားခေါင်ရဲ့ အမိန့်ဆိုတော့ ကျွန်...ကျွန်တော်မျိုးလဲ မတတ်သာပဲ..."

"ကောင်းပြီ...အခုချက်ချင်း မိဖုရားခေါင်ကိုခေါ်ခဲ့စမ်း"

ထိုစကားကြောင့် အဖေဖြစ်သူ အမတ်ချုပ်ကြီး ချက်ချင်းခေါင်းထောင်လာကာ...

"အရှင်!စိတ်ထိန်းတော်မူပါ...အခုကိစ္စမှာမိဖုရားခေါင်က စိုးရိမ်လွန်ပြီး..."

~~အသုံးတော်ခံ~~Where stories live. Discover now