9

20K 1.1K 77
                                    

Zawgyi>>>

"စစ်နတ်မင်းကြွချီလာပြီ"

အထိန်းတော်တစ်ယောက်ရဲ့ အသံကြောင့်
ယောလ်လေး အဆောင်အပြင်ကိုမဝံ့မရဲလေးထွက်လာရသည်...

သံတမာန်တွေကိုသွားကြိုဖို့ အရှင်ကယောလ်လေးကိုပါခေါ်ထားသည်လေ...အလှပဆုံးနေပေးရန်ပြောတဲ့ အရှင့်အမိန့်ကြောင့် ယောလ်လေးအတတ်နိုင်ဆုံးပြင်ထားပေမဲ့ လက်တွေ့ကျကိုယ့်ကိုကိုယ်စိတ်တိုင်းမကျသေးချေ...

တစ်ခုခုလိုနေသလိုခံစားရပြီး အရှင့်မျက်စိထဲ ယောလ်လေးကမလှမှာကြောက်နေမိတယ်...

တကယ်လို့ပြောတဲ့အတိုင်းမလုပ်မိရင် အရှင်အမျက်တော်ထွက်မှာလဲ ကြောက်သည်လေ...

"အရှင်အပြင်မှာစောင့်နေပါတယ်မင်းသားငယ်"

တံခါးပွင့်လာသည်နှင့် အဆောင်ထဲမှထွက်လာသော ခြေထောက်တစ်စုံ...

ပင့်သက်ပင်မရှိုက်နိုင်လောက်အောင်ကို အချိန်တွေရပ်တန့်သွားသကဲ့သို့ ခံစားလိုက်သော သူ...

ဝတ်ရုံပန်းနုရောင်လေးကို အဝါနုလေးနဲ့တွဲထားတာကြောင့် တစ်မျိုးလေးဖြစ်နေကာ မျက်လုံးထဲထင်ရှားနေသည်

ကိုယ်လုံးသွယ်လျလျလေးနဲ့ မဝံ့မရဲလျှောက်လာတဲ့ယောလ်လေးက လက်ချောင်းလေးတွေကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတာကြောင့် ကြောက်နေဟန်...

တဖြည်းဖြည်း ယောလ်လေးမျက်နှာလေးဆီအကြည့်ရောက်သွားတော့...

အို..လှရက်လိုက်တာ...

ယောလ်လေးရဲ့မျက်နှာနုနုကို နှင်းဆီပန်းလှလှလေးတွေထိုးထားသော ပုဝါအပါးပန်းနုရောင်လေးနဲ့ စည်းထားတာကြောင့် တစ်မျိုးလေးချစ်စရာကောင်းနေသည်

ပုဝါအောက်မှသူ့ကိုကြည့်နေတဲ့ မျက်ဝန်းလေးဟာလဲ ဒီနေ့မှ ပိုတောက်နေသယောင်...

ကပိုကရိုစီးနှောင်ထားတဲ့ ယောလ်လေးရဲ့ဆံနွယ်တစ်ဝက်ကို ဖြည်ချထားတာကြောင့် လေပြေနုနုတိုက်ခတ်သွားတိုင်း ဘေးကိုဝဲကျသွားကြသည်...

ထိုအခိုက်အတန့် ကျောက်ရုပ်တစ်ရုပ်လို ယောလ်လေးကိုငေးကြည့်နေမိသည်မှာ အရှင်မလွန်ပေ... ဘေးမှခြွေရံတော်ရော ရှင်းအထိ ယောလ်လေးအလှကြောင့် အားလုံးငေးကြည့်နေမိကြသည်မလား...

~~အသုံးတော်ခံ~~Where stories live. Discover now