Zawgyi>>>
ရင်ခွင်ထဲမှခံစားနေရသော အိစက်သည့်အထိအတွေ့လေးက ရင်ခုန်လိုက်မောဖွယ်ရှိလှသည်...
လေပြေလေးအချို့က ရင်ဘတ်ကိုတိုးဝှေ့တိုက်ခတ်နေတာလား?
မဟုတ်သေး...အသံရှုသံပိစိလေးကြောင့်သာ ဖြစ်ပေသည်မိမိရင်ခွင်ထဲမှာပဲပျောက်နေသော ကိုယ်လုံးသေးသေးလေးက အိစက်လွန်းနေတာကြောင့် ပိုတင်းကြပ်စွာဖက်လိုက်မိတော့ ကိုယ်လေးကလူးလွန့်သွားတယ်...
မျက်ဝန်းများကိုအတန်ငယ်ဖွင့်ရင်း ရင်ခွင်ထဲကကော်ပတ်ရုပ်လေးကို ကြည့်မိတဲ့အခါ အရည်လဲ့နေသောမျက်ဝန်းလေးတွေအား တွေ့လိုက်ရသည်...
နှင်းဆီပွင့်လိုနှုတ်ခမ်းလေးက အတန်ငယ်ဟရင်း စုလိုက်ချွန်လိုက်ဖြစ်နေသည်မှာ တစ်ခုခုကိုပြောချင်နေဟန်လေး...
"ယောလ်.."
သူ့အသံကြားတာနဲ့ ရုတ်တရပ်ကိုယ်လေးကတုန်သွားကာ ခေါင်းကိုအတင်းငုံ့သွားပြန်သည်...
ဗလာကျင်းနေသောကိုယ်လုံးလေးကပင် ပန်းရောင်သန်းနေသည်လား?သူအနားနားကပ်လိုက်တော့ ယောလ်လေးကိုယ်လေးကြုံ့သွားကာ
မျက်လုံးလေးကိုလဲစုံမှိတ်၍ ကြောက်နေဟန်...ထိုမြင်ကွင်းလေးကိုကြည့်ရသည်မှာ မနက်ခင်းအာရုံတက်၏ အလှပကိုပြီးပြည့်စုံသွားစေတာအမှန်...
ကြောက်တတ်လွန်းတဲ့ ကော်ပတ်ရုပ်လေး သူ့ရင်ခွင်ထဲပိုတိုးဝင်လာတဲ့အထိ တင်းတင်းဖက်ထားမိတော့ ရင်ခွင်ထဲမှာပင်ကိုယ်လုံးသေးသေးလေးကပျောက်နေပြန်တယ်...
ဖြူဥ၍အိစက်နေသော ကောင်လေးဟာ တကယ်ကိုဖက်လို့ကောင်းတာတော့ သူဝန်မခံချင်ပေမဲ့ လက်မလွှတ်ပေးနိုင်ခဲ့ဘူးမလား...
"အ...အရှင်..."
"အင်း"
"နဲ...နဲလောက်လွှတ်ပေးပါလားဟင်?"
"ကိုယ်တော်က ဘာလို့လဲ?"
သူ့စကားကြောင့် နီရဲရဲနှုတ်ခမ်းပါးလေးပွင့်ဟသွားပြီး ခေါင်းလေးကိုငုံ့ထားပြန်သည်...
အထစ်ထစ်ထွက်ပေါ်လာတဲ့ ချိုသာတဲ့အသံပိစိလေးဟာ ယောလ်လေးဘယ်လောက်ကြောက်နေမှန်း သိသာစေတယ်
BẠN ĐANG ĐỌC
~~အသုံးတော်ခံ~~
Tiểu Thuyết Lịch Sửယွမ်အင်ပါယာရဲ့ စစ်နတ်မင်းဆီကို ရှီလာရဲ့ အရုပ်လေးလိုလှတဲ့ မင်းသားလေးတစ်ပါးအဆက်သခံခဲ့ရသည်... ယွမ်အင်ပါယာရဲ့ စစ်နတ်မင်းဆီကို ရှီလာရဲ့ အရုပ်လေးလိုလှတဲ့ မင်းသားလေးတစ်ပါးအဆက်သခံခဲ့ရသည်... (warning:Chanyeol uke only!!) Baekyeol yaoi RatedM sorry for bad w...