တရိပ်ရိပ်တက်နေတဲ့ ဝမ်းနည်းမှုတို့က သူ့ကို ကြီးစိုး လာသည်။

အာ.. ပျော့ညံ့လိုက်တာ Kyung Soo ရယ်..

Kai တောင်ဘာမှ မဖြစ်တာ.. သူကဘာလို့ ဒီလိုတွေ ဖြစ်နေရမှာလဲ..?

သို့သော် ဘာကြောင့် ဒီလိုတွေ သူဖြစ်နေရတာလဲကို သူ သေချာသိသည်။..

အချစ်ကြောင့်..

"အင်း ဆက်ပြောလေ.."

"ကျွန်တော့်ကို အလုပ်ထွက်ခွင့်ပေးပါ။"

ပြောစရာမရှိတဲ့အဆုံး သူ့ရဲ့ အဓိက ကိစ္စကိုပဲ ထပ်ကာ သူပြောလိုက်သည်။
ဟုတ်တယ်.. အကြောင်းပြချက်တွေမလိုဘူး..
အဓိကက အလုပ်ထွက်ပြီး အိမ်ပြန်ရဖို့ပဲ..

"အကြောင်းအရင်းက?"

Kai က ရွဲ့ပြုံးတစ်ခုကို ဆင်မြန်းကာ သူ့ကို ကြည့်နေသည်။.. သဘောက.. သူ အကြောင်းအရင်း မပြောနိုင်ရင် အလုပ်ထွက်ခွင့်မပေးဘူးဆိုတဲ့ ပုံစံမျိုး..

"ကျွန်တော် ဒီမှာ အလုပ်မလုပ်ချင်တော့လို့။"

သူလည်း ကြံရာမရတဲ့အဆုံး ပါးစပ်ထဲရှိရာကို ပြောလိုက်တော့သည်။.. ဒါပေမဲ့ ဒီအချက်လည်း မှန်တော့မှန်တာပါပဲ။

"ဒီအကြောင်းအရင်းက မင်းအလုပ်ထွက်ဖို့ မလုံလောက်ဘူး Soo."

"ကျွန်တော် အလုပ်ထွက်ချင်တယ်။ အလုပ်လည်း ထွက်မယ်။ ကျွန်တော့်ကို အလုပ်ထွက်ခွင့်ပေးပါ။"

သူ Kai ရဲ့ စကားကို လျစ်လျူရှုက သူပြောချင်တာကိုပဲ ထပ်ကာပြောလိုက်သည်။

"မထွက်ရဘူး !! မင်း အလုပ်ထွက်လို့မရဘူး။"

Kai အသံက လိုတာထက်ပိုကျယ် သွားသည်။.. တစ်နည်းအားဖြင့် Kai သူ့ကို အော်လိုက်ခြင်းပင် ဖြစ်သည်။

သူပဲ ထင်ယောင်ထင်မှား ဖြစ်နေတာလား..?
ခုနက တည်ငြိမ်နေခဲ့တဲ့ Kai ရဲ့ မျက်နှာက အခုတော့ ဒေါသရိပ်တွေသန်းလို့။..

"ကျွန်တော့်ကို-"

"တော်စမ်းပါ Soo ရယ်။ ငါ့ကို မင်းနဲ့ငါနဲ့ ပြောခဲ့တဲ့ မင်းရဲ့ သတ္တိတွေ အခု ဘယ်ရောက်နေလဲ ?"

သူ့ရဲ့ လေးခါမြောက်ဖြစ်မဲ့ အလုပ်ထွက်ခွင့်ပေးဖို့ ပြောတဲ့ စကားဟာ မဆုံးလိုက်ဘဲ ဖြတ်တောက်ခြင်း ခံလိုက်ရသည်။..

Time Travel Where stories live. Discover now