အပိုင်း(၁)

Start from the beginning
                                    

ပုလဲရဲ့ အော် ဟစ်သံအဆုံး တေဇအော်ရယ်ပစ်
လိုက်တယ်။ပုလဲ လှလာတာတော့အမှန်ပင်ဖြစ်
သည်။ ကားပေါ်ကဆင်းလာထဲက အဖြူအစိမ်းလေးနဲ့ ဆံပင်ကိုနှစ်ဖက်ခွစည်းထားသောပုလဲက
အရင်ကထက်ပိုချစ်ဖို့ကောင်းလာသည်။
အင်းငယ်ငယ်ကအာပေတူးမလေးတောင်
အရွယ်ရောက်လာပြီဘဲ။

"ငါဒီနေ့ကျောင်းတက်မှာ နင်ဘယ်လိုသိလဲ
ပုလဲမ…အိမ်ကကားနဲ့ကိုယ့်ဘာသာအေးဆေးသွားပါတော့လား…အခုတော့ငါနဲ့လိုက်ပြီးနင်
ကျောင်းနောက်ကျတော့မယ်"

"ကားကြီးစီးပြီးကျောင်းမသွားချင်ပါဘူး… မာမီကအတင်းစီးခိုင်းလို့…နင့်ကိုပါခေါ်သွားတဲ့
နင်မလိုက်မှာသိနေတဲ့အတူတူ နင်နဲ့အတူတူစက်ဘီးနဲ့ပဲသွားတာပေါ့ ပိုပြီးတောင်ပျော်ဖို့ကောင်းသေး"

ငယ်ငယ်ထဲကအတိုင်းမပြောင်းလဲဘဲ
အဆင့်အတန်းမခွဲခြားတစ်ခါတစ်လေထထ
ဖောက်တာကလွဲလို့ချစ်ဖို့ကောင်းလှလွန်း
ူသော ပုလဲကို တေဇတကယ်ခင်သည်။ မောင်နှမ
မရှိသောသူ့အတွက် ပြည့်ဖြိုးနဲ့ပုလဲကနှစ်ယောက်မရှိနိုင်သောသွေးသားအရင်းလိုသူငယ်ချင်းတွေပင်။

"ပုလဲ… နင်ကျောင်းမှာ မဟုတ်တဲ့အကောင်
တွေနဲ့မပေါင်းရဘူးနော်အထက်တန်းရောက်
နေပြီ။…စာကိုပဲကြိုးစားနောက်နှစ်ဆိုဆယ်တန်း
ရည်းစားတွေလဲထားဖို့မစဉ်းစားနဲ့တစ်ခုခုဆိုငါ့ကိုအရင်တိုင်ပင်… ကြားလား"

"ဟုတ်ကဲ့ပါ…အစ်ကိုတော်ရယ်။ငါကနင့်ကိုပစ်ပြီးဘယ်ကအကောင်ကိုကြိုက်ရမှာလဲလို့"

နောက်ဆုံးအကြောင်းကိုတိုးတိုးလေးပြောသော
ပုလဲရဲ့အသံကိုမကြားချင်ယောင်ဆောင်ပြီး
တေဇစက်ဘီးကိုအရှိန်တင်နင်းလိုက်သည်။
ဘာမှထပ်မတွေးတာပဲကောင်းတယ်။ပုလဲ
နင်ကငါ့ညီမလေးလိုပါအဲ။

"ကျောင်းနောက်ကျတော့မယ်ကိုင်ထားငါမြန်မြန်
နင်းတော့မယ်"

အရှေ့ကနေ စက်ဘီးကိုအာရုံစိုက်နင်းနေသော
တေဇရဲ့ကျောပြင်ကိုပုလဲငေးစိုက်ကြည့်နေမိသည်။အရပ်ကတစ်ဖြည်းဖြည်းပိုမြင့်လာတယ်။
ဒီအရွယ်ထိကို့အားကိုယ်ကိုးပြီးအရွယ်
်ရောက်လာသောယောကျာ်းလေးတစ်ယောက် အသားကမဖြူပေမဲ့တအားလဲမညို
ရင့်ကျက်မှုနဲ့အတူ တဖြည်းဖြည်းခန့်ညားပြီး
ချောလွန်းလာသည်။ငယ်ငယ်ထဲကတစ်ရင်းတစ်
နှီးပေါင်းလာပေမဲ့သူ့ထက်ခေါင်းတစ်လုံးစာပိုမြင့်လာသောတေဇကိုမျက်နှာချင်းဆိုင်မကြည့်ရဲတော့တဲ့အထိဘဲ။

တိမ်တိုက်၌ဖြစ်တည်သောWhere stories live. Discover now