နံရံပေါ်က နာရီကို လှမ်းကြည့်လိုက်မိတော့ မနက် ၁၀:၀၀ နာရီ အတိ။..

၂ နာရီလောက်တော့ နားလို့ ရပါတယ်။..
အဲ့လောက် နားလိုက်ရင်တော့ စိတ်နဲ့ လူနဲ့ ပြန်ကပ်ပြီး အဆင်ပြေသွားမှာပါ။
~^~^~^~^~^~
အခန်းထဲပြန်ရောက်ရောက်ချင်း Kyung Soo ကုတင် ပေါ်ကို အရုပ်ကြိုးပြတ် လှဲချလိုက်မိသည်။

တကယ်ပါ။ မနက်ကတည်းက အခုချိန်ထိ Kyung Soo လုပ်သမျှ ဘယ်အရာမှ အဆင်မပြေ။
မနက်ခြောက်နာရီလောက်နေ ဆယ်နာရီလောက် အတွင်းမှာ ဖန်ခွက် သုံးလုံး လွတ်ကျတယ်ဆိုတော့ Kyung Soo ဘယ်လောက်တောင် စိတ်တွေ လေလွင့် နေလည်း သိသာလွန်းသည်။

ဒီလိုတွေ ဖြစ်နေရခြင်းမှာ မနေ့က Suho ပြောသွား သော ကိစ္စကြောင့်ပင်။
ထို အကြောင်း ခေါင်းထဲရောက်လာတိုင်း စိတ်နဲ့ လူနဲ့ မကပ်တော့ဘဲ ရင်ထဲ လေးလေးပင်ပင်ကြီး ဖြစ်လာ ရသည်။
ဒါပေမဲ့ ခက်တာက ထို အကြောင်းက Kyung Soo လည်း မတွေးပါဘဲ ဖိတ်လည်း မဖိတ်ခေါ်ပါဘဲ ခေါင်းထဲ အလည်ရောက်ရောက်လာခြင်းပင် ဖြစ်သည်။

Kyung Soo သက်ပြင်း ခပ်လေးလေး တစ်ခုကို မှုတ်ထုတ် လိုက်မိသည်။ ..

စိတ်တွေ ညစ်လိုက်တာ..

"မဖြစ်ဘူး မဖြစ်ဘူး ခဏ အိပ်မှပဲ ဖြစ်တော့မယ်။"

Kyung Soo မျက်လုံးတွေကို ခပ်တင်းတင်း မှိတ်ပစ် လိုက်သည်။

သို့သော် အိပ်ပျော်ရမည့်အစား မနေ့တုန်းက Suho ပြောသွားသည့် စကားများကို တဖန် ပြန်လည်ကြား ယောင်မိကာ အတွေးတို့က ထိုအချိန်ဆီသို့။

#Flashback starts#

"ဒီလိုကွ.. လွန်ခဲ့တဲ့ နှစ်ရက်လောက်ကကွာ.."

Suho က အစချီကာပြောသည်။
သူ ဘာမှ ထွေထွေထူးထူး မတုန့်ပြန်မိ။

"ငါ အိမ်ရှင်း ရင်း နဲ့ ငါ လည်း တစ်ခါမှ မတွေ့ဘူးတဲ့ စာအုပ်တစ်အုပ်တွေ့တယ်။
ခါတိုင်းလည်း ငါ အိမ်ရှင်းနေကျ.. ဒါပေမဲ့ တစ်ခါမှ အဲ့ စာအုပ် ငါ မတွေ့ဖူးဘူး။ ကဲ ထားပါတော့။
စာအုပ်အဖုံးမှာ ရေးထားတာက အမွေဆက်ခံခြင်း တဲ့။
ဒါနဲ့ကွာ ငါလည်း ဘာစာအုပ်လည်း သိရအောင် ဖတ်မယ် ဆိုပြီး သက်သက်ဖယ်ထားလိုက်တယ်။

Time Travel Where stories live. Discover now