"လာလေ ညီ "
"ခုမှနိုးတာလား "
"အင်း ညီဘာစားပြီးပြီလဲ "
"ဟင့်အင်း ရေချိုးပြီး တန်းထွက်လာတာ "
"လာထိုင် "

ထိုင်လို့ ပြောလိုက်သော ရှိန်းရဲ့စကားကို ဝုန်းခနဲ ရှိန်း ရင်ခွင်ပြေးဝင်ခြင်းဖြင့် လိုက်နာသည် ။ ဆောရီး ... ရှိန်း ကျွန်တော်လွမ်းနေလို့ ။

"လွမ်းနေတာ ရှိန်းရဲ့ "
"ကိုယ်လည်း လွမ်းနေတာ ညီ "

တင်းကြပ်စွာ ပြန်ပွေ့ဖက်လိုက်တဲ့ ရှိန်းကြောင့် ကြည်နူးမိရသည် ။

"အချွဲလေး လွှတ်တော့ ကိုယ်မင်းလေး စားဖို့ တစ်ခုခုလုပ်ပေးမယ် "
"ကျွန်တော်ကူလုပ်ပေးရဦးမလား "
"တော် တော် ငြိမ်ငြိမ်လေးထိုင်နေတာက ကူညီတာနဲ့ တူတူဘဲ ညီ ကိုယ် မီးသတ်ကားခေါ်ဖို့ ပိုက်ဆံမရှိသေးဘူး "
"အာ ရှိန်းရာ "

မျက်နှာတွေ ရဲသွားသည့် ညီ့ပုံစံလေးကို တစ်ဝကြီးထိုင်ကြည့်ချင်သေးသော်လည်း မီးဖိုခန်းထဲသွားပြီး ထမင်းနဲ့ အသီးရွက်ကြော်ကို ကိုယ်တော်လေးစားဖို့ ပြင်ဆင်ရသည် ။ ဒီကလေးက မနက်ဆို ထမင်းဘဲ စားသည် ။ ကော်ဖီတွေ မုန့်တွေ မစား ။

မနက်အစောကြီးလည်း ဘာမှစားလေ့မရှိဘူးတဲ့လေ ။ အနည်းဆုံး ၁၁ လောက်မှ ထမင်းစားဖြစ်သည်တဲ့ ။
ခုလည်း အိမ်ကနေဘာမှစားမလာဘူး ။
ဘယ်လိုဟာလေးမှန်းကို မသိဘူး ။

မီးဖိုပေါ်က ထမင်းကြော်အိုးကို မွှေနေရင်း အနောက်ကနေ ခါးကိုသိုင်းဖက်လိုက်တဲ့ လက်ကလေးတွေ ။ ဒီကောင်လေးနှယ် လူကို ရင်ခုန်အောင်လုပ်နေပြန်ပြီ ။

"မွှေးလိုက်တာ "
"ဗိုက်ဆာနေပြီလား "
"ဟင့်အင်း ရှိန်းရဲ့ ကိုယ်သင်းရနံ့လေးကိုပြောတာ "
"ဒီလောက် စကားတတ်တဲ့ ဟာလေး စိတ်ရှိလက်ရှိ ဆွဲဖက်ပြီး ရင်ခွင်ထဲကောက်ထည့်ပလိုက်ရ "
"ဟီး "

တကယ်တော့ ထမင်းကြော်နံ့က ဆွဲဆောင်မှုအားကောင်းလွန်းလို့ ညီမင်းယံ နောက်ဖေးရောက်လာခြင်း ။ ဗိုက်ဆာတာမှ ဗိုက်ထဲမှာ world war ဖြစ်နေသလား မှတ်ရတယ် ဆူညံနေရော ။ ဒီလိုဘဲ ပြောတတ်ရတာပေါ့ ဟိဟိ ။

"ရှိန်း "
"ပြော"
"ဒီလိုမျိုးလေး နေ့တိုင်း ရှိန်းမျက်နှာလေးကြည့်နေရင်း မနက်စာ တူတူစားချင်လိုက်တာ "
"ညီ အဲ့လိုဖြစ်ချင်ရင် ဖြစ်ရမှာပေါ့ ညီရယ် "
"ကျွန်တော်ကလေး ခများကြီးကို မြင်နေရရင်ကို စိတ်ထဲမှာ ကြည်နူးပြီး ပြောမပြတတ်အောင် ပျော်နေမိတာ "
"ကိုယ်ကတော့ မင်းလေးကို မြင်ရင် ပြောမပြတတ်အောင် အသည်းတွေယားတယ် ဘာတွေနဲ့ ဖမ်းစားထားတာလဲ မှော်ဆရာလေး "
"ဟားဟား ဒီလိုဘဲ ပြုစားတတ်ရတာပေါ့ "

Destiny Where stories live. Discover now