Kai က ပထမဆုံး နည်းနည်းသေးသေး ဖန်စ တစ်ခုကို ဖြေးဖြေးနှင့် ညင်ညင်သာသာ ဆွဲထုတ်လိုက်သည်။
ဆွဲထုတ်ပြီးတော့ သူ့ကို တစ်ချက်မော့ကြည့် သည်။ ထို့နောက် ပြန်ငုံ့သွားပြီး နောက်တစ်ခုကို ထုတ်ရန် ပြင်သည်။

"နာရင် ပြော"

Kai က နောက် ဖန်စ တစ်ခုကို ဆွဲထုတ်လိုက်ရင်း ပြောသည်။

"ဟုတ်"

Kai ရဲ့ တိုတိုတုတ်တုတ်စကားကို သူလည်း တိုတိုတုတ်တုတ်ပဲ အဖြေပြန်ပေးလိုက်သည်။

တကယ်ဆို.. ဒီ ရှက်စရာ အဖြစ်အပျက်ကြီး ဖြစ်သွားတာကိုပဲ ကျေးဇူးတင်ရမလိုလို..
ပုံမှန် အခြေအနေတွေမှာ ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ စိတ်ကူးတောင် မယဉ်ဘူးခဲ့တဲ့ Kai ရဲ့ ရင်ခွင်ထဲမှာ ခဏတာ ခိုနားခွင့် ရခဲ့သလို.. အခုလည်း.. Kai က သူ့ကို ဆေးထည့်ပေးဖို့ လုပ်နေသည်လေ..
အာ.. သူ ဘယ်လိုတွေ တွေးနေမိတာလဲ..။
ခေါင်းကို မသိမသာ ခပ်ဖွဖွ ခါရင်း ခေါင်းထဲက အတွေးတွေ မောင်းထုတ်လိုက်မိသည်။..

တော်တော်ကြာသည်အထိ သူတို့နှစ်ယောက်လုံး ဘာစကားမှ မပြောဖြစ်ကြ။..
Kai ကလည်း သူ့လက်မှာ စိုက်နေတဲ့ ဖန်စတွေကိုသာ တစ်စမကျန် ဆွဲထုတ်ပြီး ဆေးထည့်ပေးနေသည်။
သူ..သူကတော့ Kai ကိုသာ ကြည့်နေမိသည်။..

ခေါင်းကို ငုံ့ထားရင်း အလုပ်ရှုပ်နေတဲ့ Kai က သူ ကြည့်နေတာကိုတော့ သိနိုင်မည်မထင်ပါ..
Kai ကို ကြည့်နေရင်း သူ့ရင်ထဲ ခံစားချက် တစ်မျိုးကို ခံစားနေရသည်။..
ပျော်သလိုလို.. နွေးထွေးသလိုလို.. လုံခြုံသလိုလို..
ဘာမှန်း မသဲကွဲ။
သေချာတာကတော့ ဒီခံစားချက်ကို သူ ကြိုက်သည်။
ထို ခံစားချက်ရဲ့ ရလဒ်အနေနဲ့ သူ့ နှုတ်ခမ်းပေါ် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။..

"ပတ်တီး ပတ်ပေးလိုက်မယ်။ မပြောမဆိုနဲ့ မဖြည်ပစ် လိုက်နဲ့။"

ခေါင်းငုံ့ထားရင်းက Kai က ခေါင်းမော့ပြီး ပြောလာတော့ ပြုံးပြုံးကြီး ကြည့်နေမိတဲ့ Kyung Soo အနည်းငယ် အိုးတိုးအန်းတန်း ဖြစ်သွားမိကာ ဇက်ချိုးသလို ဘာလိုလိုနှင့် ခေါင်းကို မော့လိုက်မိသည်။

Time Travel حيث تعيش القصص. اكتشف الآن