~တိမ္~

9K 867 31
                                    

Unicode

...

ဒီတိုင်း... ကိုယ့်ဘေးနားမှာ..
ရှိနေပေးလို့မရဘူးလား...

...

မနက်ခင်းနေရောင်ခြည်က စူးလိုက်တာ..
ပြတင်းတံခါးကိုကျော်ပြီး မျက်လုံးတွေပေါ်
အတင်းနေရာယူနေကြတာများ အိပ်လို့မရ
လောက်တဲ့အထိ...

အိပ်ရာပေါ်.. ငုတ်တုတ်ထထိုင်လိုက်ရင်း..
နေရောင်ခြည်ပျပျကို မျက်စောင်းလှမ်းထိုး
လိုက်တယ်...

အကျင့်ပုတ်နေရောင်တွေ~~

ပြီးတာနဲ့ အိပ်ယာပေါ်ပြန်လှဲချလိုက်ပြီး..
မျက်နှာကြပ်ဖြူဖြူကို စူးစိုက်ကြည့်နေမိတယ်
....

အဖြူရောင်မျက်နှာကြပ်ကနေ... တဖြည်းဖြည်း
မနေ့ညက ပုံရိပ်တွေကို ပြန်မြင်ယောင်လာတယ်

" ကျွန်တော်... Chan ကို ချစ်တယ်... "

မျက်လုံးတွေကို မှိတ်ချပစ်လိုက်ပြီး...
အညိုရောင် ဆံပင်စပျော့ပျော့တွေကို
ရှုပ်ပွသွားအောင် လက်နှစ်ဖက်နဲ့ ထိုးဖွလိုက်တယ်
....

အဲ့ဒီ့ သတ္တိတွေ.. ဘယ်ကရောက်လာတာပါလိမ့်

" ကိုယ်.. မင်းကို သဘောကျပါတယ်.. "

ခပ်ရှရှ အိမ်မက်ယောင်နေခဲ့သလို အသံဩဩ
တွေ နားထဲပြန်ကြားယောင်လာတော့..
တဒိတ်ဒိတ်တိုးလာတဲ့ ရင်ခုန်နှုန်းတွေက လက်လက်ဆတ်ဆတ်....

မောဟိုက်လာတဲ့ ရင်အစုံကြောင့်
ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ အတင်းဖိထား
မိတယ်... ရင်တွေအရမ်းခုန်နေတာတွေ
ရပ်လိုက်ပါတော့ ... အရမ်း.. အရမ်းကို
မောလာလို့ပါ....

သူ ငုတ်တုတ်ပြန်ထိုင်လိုက်ရင်း ဒူးနှစ်ဖက်
ကိုကွေးကာဒူးတွေကြားထဲ ခေါင်းကို ထည့်ဝှက်
ထားလိုက်သည်...

" ကိုယ်မင်းကို သဘောကျပါတယ်...
ဒါကြောင့် ဒီတိုင်းလေးပဲ မင်းနားမှာရှိနေပေးမယ်
မင်းလည်း ကိုယ့်အနားမှာရှိနေပေး... ဒါပေမယ့်
ကိုယ်တို့ မချစ်ဘဲနေကြရအောင်... "

ဟာ... ဘာတွေလဲကွာ...
သူ အိပ်ယာပေါ်ကို ဘေးတစ်စောင်းထပ်ပြီး
လှဲချလိုက်သည်....

C•L•O•U•D Tempat cerita menjadi hidup. Temukan sekarang