~တိမ္~

4.8K 598 65
                                    

Unicode

...

ကိုယ့်ရင်ခွင်ထဲ ကလေးလေးတစ်ယောက်လို
ငိုချလိုက်ပါလား ကလေးရယ်

...

အခန်းလေးထဲ ... ထိုင်နေမိတာ..
ဘယ်လောက်တောင်ကြာနေပြီလဲမသိ...

အခန်းလေး... အလင်းရောင်ရှိနေလား
မသိပေမယ့် ကျွန်တော့်အတွက်တော့
မှောင်မိုက်လွန်းနေခဲ့သည်

ဝမ်းနည်းသလိုမျက်နှာထားတွေနဲ့...
စစ်မှန်ရဲ့လားမသိတဲ့ အားပေးနှစ်သိမ့်မှုတစ်ချို့နဲ့
လူတစ်ယောက်စ နှစ်ယောက်စ ဟာ.. ဒီအခန်း
လေးထဲ ဝင်ထွက်လျက်...
..

ပန်းရောင်စုံတွေကြား ပြုံးနေတဲ့ မား
ကိုကြည့်ရင်း...
မျက်ရည်တွေလည်း တစ်စက်မှမကျနိုင်ခဲ့

ကျွန်တော့်မှာ မျက်ရည်တွေကျဖို့ရော
အရည်အချင်းရှိပါသလား...

ဟင့်အင်း.. ကျွန်တော်ဟာ တကယ့်ကို အသုံး
မကျတဲ့ သားတစ်ယောက်ပဲ...

နှလုံးရောဂါဆိုတဲ့ နာတာရှည်ရောဂါမျိုး..
အမေဖြစ်သူကို ဝါးမျိုးနေခဲ့တာတောင်နည်း
နည်းမှ သတိမထားမိခဲ့တဲ့ သားမိုက်တစ်ယောက်
...

အမေဖြစ်သူရဲ့ နောက်ဆုံးအချိန်မှာတောင် အနား
မှာ ရှိမနေနိုင်ခဲ့တဲ့ ... သားဆိုး သားမိုက်
တစ်ယောက်....

ပုဆစ်တုတ်ထိုင်ထားတဲ့.. ပေါင်တွေပေါ်က
လက်သီးဆုပ်လေးတွေကို ပိုပြီးတင်းကြပ်လိုက်မိ
သည်...

မျက်လုံးတွေ ပူစပ်လာပေမယ့်...
မျက်ရည်တွေက ကျလာခွင့်မပေးနိုင်ခဲ့ ...

မငိုစမ်းနဲ့ Byun Baekhyun
မင်းက ငိုဖို့တောင်နည်းနည်းလေးမှ
အရည်အချင်းမရှိဘူး...

ဝမ်းနည်းပြမနေနဲ့... ငိုမနေစမ်းနဲ့ !!
သားတစ်ယောက်အနေနဲ့... ဘာတာဝန်မျိုးကိုမှ
မကျေပွန်ခဲ့ဘဲနဲ့.... မျက်ရည်မကျစမ်းနဲ့...
.
.
.

အရာအားလုံးပြီးသွားတော့...
ကျွန်တော် အိမ်ကိုပြန်ရောက်ခဲ့သည်...

ဒီအတောအတွင်း... မားရဲ့ ကိစ္စအဝဝကို
တစ်ယောက်တည်း အကုန် စီစဉ်နေခဲ့ရတဲ့
အတွက် အိမ်ကိုမပြန်ဖြစ်...

C•L•O•U•D Where stories live. Discover now