Unicode
...
ကိုယ်မင်းကို တကယ်သဘောကျတာပါ..
ဒါ့အပြင် ဘာကိုမှ မသိချင်ပါနဲ့လား...
မျက်လှည့်ဆန်တဲ့ ညတစ်ည ပြီးဆုံးသွားလို့
တစ်ပတ်လောက် ကြာပြီးတဲ့အထိ..လူမလာ.. အကြောင်းမကြား ပျောက်သွား
လိုက်တာ...အဲ့ဒီ့ညက ကျွန်တော် အိမ်မက်များ
မက်ခဲ့လေသလားလို့. ဝေဝေဝါးဝါးဖြစ်မိသည်အထိ...မတွေ့ရတာကြာတော့လည်း လွမ်းလာသည်..
အသည်းအသန်လိုချင်နေခဲ့တဲ့ သူဆီက စကား
တစ်ခွန်းထပ်... သူ့ကို ပိုပြီး တောင်းတမိသည်..အမှန်ဆို ကျွန်တော်လောဘ မကြီးလိုက်သင့်တာ
.... သူ စိတ်ဆိုးသွားတာလား.. အဲ့တာကြောင့်
ကျွန်တော့်ရှေ့ ရောက်မလာတော့တာလား..တကယ်တမ်း စိတ်ဆိုးသင့်တဲ့ သူက ကျွန်တော်မဟုတ်ဘူးလား..
ဟင့်အင်း.. မဟုတ်သေးဘူး .
ကျွန်တော်တို့အခြေအနေက တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုးတာမျိုးလုပ်လို့ရတဲ့
အခြေအနေမျိုးရော ဟုတ်လို့လား...ဟင်းးးး ...
ဘာပဲဖြစ်ဖြစ်.. ဟိုးး အရင်က အချိန်တွေကိုပဲ
ပြန်လွမ်းသည်... သူ့ကို ဒီတိုင်းလေး
ငေးနေရင်းနဲ့ကို ပျော်ဖို့ကောင်းခဲ့သည်လေ..လောဘတွေလည်းမပါဘဲ..
တွေဝေတာတွေလည်းမပါဘဲ...ခုတော့... လွမ်းလွန်းလို့ သေတော့မည်ထင်တယ်
.. မျက်နှာလေးပဲ ဖြစ်ဖြစ် တစ်ချက်လောက်မြင်
ချင်မိသည်...ငယ်ငယ်ကလို ကစားကွင်းထိပ်မှာ သွားစောင့်
ရအောင်... ကျွန်တော်တို့က ဆော့တဲ့ ကစားတဲ့
အရွယ်လည်းမဟုတ်..အလွမ်းလေး နည်းနည်းပြေအောင်ပဲ ဖြစ်ဖြစ်
ကစားကွင်းမှာသွားထိုင်နေရမလား...အကောင်းဆုံး အကြံတစ်ခုမဟုတ်ရင်တောင်
လွမ်းနေရတဲ့ တနင့်တပိုး ခံစားချက်ကြီး
နည်းနည်းလေး သက်သာသွားမယ် ထင်သည်" မားရေ.. ဘေဘီလေး လမ်းထိပ်ခဏသွား
လိုက်ဦးမယ်.. ""ဟင်.. မိုးတွေရွာနေတာကို ..ဘာသွားလုပ်မလို့
လဲကလေးရဲ့.. နေကောင်းတာဖြင့်မကြာသေးပဲ"
YOU ARE READING
C•L•O•U•D
Fanfiction~Chanကို ချစ်တယ်... ~ကိုယ်တို့ မချစ်ဘဲနေကြရအောင်... အချစ်က.. တိမ်စိုင်တွေလိုပဲ ဖမ်းဆုပ်ရသိပ်ခက်တယ်...