~တိမ်~

5.5K 610 95
                                    

Unicode

...

တကယ်တော့
ကိုယ်နည်းနည်း ကြောက်နေမိခဲ့တယ်ထင်တယ်

...

" ကျွန်တော် ပြန်ရတော့မယ် Chan "

သူ့ရင်ခွင်ထဲဆွဲသွင်းထားပြီး တစ်ချိန်လုံး
ပွေ့ဖက်ထားတဲ့သူက နည်းနည်းလေးမှ လွှတ်မပေးသေး...

" မပြန်လို့မရဘူးလား... မင်းကိုဖက်ထားရတာ
လွှတ်တောင်မပေးချင်တော့ဘူး.. "

"Chanက ရူးနေတာလား.. စိတ်မမှန်တာလား.. "

ကျွန်တော့်ကိုတော့ မချစ်ဘူး..
ဒါပေမယ့် ကျွန်တော် အခြားတစ်ယောက်နဲ့
ရှိနေရင်မကြိုက်ဘူး..
ကျွန်တော့်အနားမှာနေရတာကြိုက်တယ် ..
ကျွန်တော့်ကို ဖက်ထားတယ်
အမှတ်မထင် လာ လာနမ်းတယ်..

Chanရူးနေတာမဟုတ်ရင် ကျွန်တော်က
ရူးနေပြီး စိတ်ကထင်ယောင်ထင်မှား ဖြစ်နေတာ
ဖြစ်မယ် ...

Chanက သက်ပြင်းချပြီး... ကျွန်တော့်
တစ်ကိုယ်လုံးကို နောက်ကသိုင်းဖက်ထား
တဲ့ Chanရဲ့ လက်တွေက ..
ကျွန်တော့် လက်သွယ်သွယ်တွေကို ခပ်ဖွဖွလေး
လာပြီး ဆုပ်ကိုင်တယ်...

အခုတော့ ကျွန်တော့် တစ်ကိုယ်လုံးက
Chanရဲ့ ရင်ခွင်ထဲနှစ်မြှပ်လို့.. နှလုံးခုန်သံတွေ
လည်း ထပ်တူကျနေသလို ...

ဟင်းးးး သူ့ရင်ခွင်ထဲမှာ ရှိနေပေမယ့် ကျွန်တော့်
ရင်ခုန်သံတွေလည်း မမြန်နိုင်တော့ဘူး ထင်ပါတယ်...

" မင်း.. အရမ်း ပြောင်းလဲသွားတယ်
လေးထောင့်လေး... "

"ဘာကပြောင်းလဲသွားတာလဲ Chan ...
အရင်က လေးထောင့်လေးဆိုတဲ့ ကောင်လေးအတိုင်း... ဆံပင်ပုံစံတောင်မပြောင်း
ထားဘူး..Chanကြောင့်နဲ့မှ မဟုတ်ရင် ကျောင်း
မပျက်ဘူး... စကားပြောတာအစ.. အရင်လို
အရင်အတိုင်းပဲ မဟုတ်ဘူးလား Chanရယ်
ကျွန်တော့်ရဲ့ ဘယ်အရာတွေက ပြောင်းလဲ
သွားတာလဲ ."

စကားနာထိုးပြီး ပြောလိုက်တာလားလို့မေးရင်
ကျွန်တော် ခေါင်းငြိမ့်ရမှာ အမှန်ပဲ ...

ကျွန်တော့်ကို တချိန်လုံး ယောက်ယတ်ခတ်နေစေ
ခဲ့တဲ့သူ့ကို ဒီလောက်တော့ တုန့်ပြန်သင့်တယ်မို့လား...

C•L•O•U•D Where stories live. Discover now