~တိမ္~

5.4K 631 84
                                    


Unicode

...

ကိုယ့်ကို မစွဲလမ်းဖို့..
ကိုယ်သတိပေးခဲ့သားပဲ

...

"Channa... "

ကျောင်းရှေ့... ခပ်လှမ်းလှမ်းမှာ ရှိနေတဲ့
Chanကို အသံကျယ်ကျယ်နဲ့ အော်ခေါ်လိုက်ရင်း
လက်ပါ မြောက်ပြီးယမ်းပြလိုက်တယ်...

Chanကတော့ ပြုံးရုံလေးသာပြုံးပြီး..
လက်ပြန်ပြရှာတယ်... ဟိ...
ချစ်စရာကြီး...

ရက်သတ္တပတ်တစ်ခုအတွင်း..
ကျွန်တော့်ကို ကျောင်းအကြိုအပို့ လုပ်နေတတ်
တဲ့ သူ့ကြောင့်...
ကျွန်တော်ရဲ့... အိမ်ပြန်လမ်းတွေ ..
ကျောင်းသွားတဲ့ လမ်းတွေဟာ...
နတ်ပြည်တမျှပေါ့....

ဒီအတောအတွင်း...
သေချာပြန်စဉ်းစားမိတော့.. လမ်းမပေါ်
တစ်ယောက်တည်း ထိုင်ငိုနေခဲ့တဲ့
ကိုယ့်ကိုယ်ကိုယ် ပြန်တွေးပြီးရယ်ချင်လာသလို
အားမလို အားမရ ဖြစ်မိခဲ့တာပဲ...

ကိုယ်ဟာကိုယ် တစ်ယောက်တည်း မျှော်လင့်..
တစ်ယောက်တည်းကြေကွဲ .. တစ်ယောက်တည် း
ငို... ဟက်.. သိပ်ရှက်စရာကောင်းတာပဲ..

သူက ကျွန်တော့်ကို မချစ်ပါဘူးလို့..
ဒီလောက်အကြိမ်ကြိမ်အခါခါ ရေရွတ်သတိပေး
နေခဲ့တာပဲ...

သူက မချစ်ပါဘူးလို့ ဒီလောက်ပြောနေခဲ့တာတောင်...
ကျွန်တော်က မျှော်လင့်ချက်တွေထားနေခဲ့တာပဲ..

တကယ်တော့ ကျွန်တော်ပဲ မှားခဲ့တာပါ
သူ့မှာ.. ဘာအပြစ်မှမရှိခဲ့ပါဘူး...

ကျွန်တော်က သူ့ကိုချစ်ခဲ့တာပဲ...
သူ့ကို.. ချစ်နေပေးရင်ပဲ.. ချစ်နေခွင့်ရရင်ပဲ..
သေမတတ်ပျော်နေသင့်တာပေါ့..
သူ့ကို နာကျည်းဖို့.. စိတ်နာဖို့... သူ့အနားက
ထွက်သွားဖို့.. အတွေးတွေဝင်ခဲ့မိတဲ့ စက္ကန့်ပိုင်း
စာလေးအတွက် နောင်တရလို့မဆုံး...

အတွေးတွေကို အဆုံးသတ်ကာ..
သူ့ကို ကြည့်လိုက်တော့ ...
သူ့က ပြုံးလျက်... လူတွေအများကြီး ကြားထဲမှာမှ ကျွန်တော့်ကိုပဲ ကြည့်လျက်
ပြုံးနေဆဲ

ကျောင်းဆင်းချိန် ရှုပ်ယှက်ခတ်နေတဲ့
လူတွေကြားထဲ သူ့ဆီအမြန်ဆုံးရောက်နိုင်အောင်
တိုးဝှေ့ပြီး အပြေးသွားနေမိတယ်...

C•L•O•U•D Where stories live. Discover now