~တိမ္~

5.8K 607 27
                                    

Unicode

...
ကိုယ်တို့ပျော်ရွှင်နိုင်တာပဲ
အချစ်က လိုအပ်ဦးမှာလား
...

"Sehun na .. "

ကျောင်းပြတင်းပေါက်အပြင်ကို ငေးငေးငိုင်
ငိုင်ကြည့်နေရင်းက ဘေးနားက သူငယ်ချင်း
ဖြစ်သူကို လှမ်းခေါ်လိုက်မိတော့...

" အင်း.. ပြောလေ... "

ဖုန်းထဲက ဂိမ်းကို အသဲအသန်ဆော့နေရင်း
လှည့်ပင်မကြည့်ပဲ ပြန်ထူးလေရော

"Chanကလေ... "

မေးခွန်းတစ်ခုကို မေးဖို့ အစပျိုးပြီးမှ
သက်ပြင်းကို အသာချရင်း ခေါင်းခါပြီး...
စာရေးစားပွဲကို ခေါင်းလေးချပြီး လှဲလိုက်တယ်

"Chanyeolက ဘာဖြစ်လို့လဲ.. Yehet !!! "

စကားထောက်သလို မေးခွန်းကို မေးနေပြီး
မှ .... လက်သီးလက်မောင်းတန်းကာ
ထပြီး အောင်ပွဲခံလိုက်သေးတာမို့...
သူ နှုတ်ခမ်းအသာဆူမိသွားသည်...

" ဘာမှမဟုတ်ပါဘူးကွာ... "

အစပျိုးလိုက်တဲ့ စကားကို သာမန်ကာ လျှံကာပဲ
လျှောချလိုက်ရင်း မျက်လုံးတွေ ခပ်ဖွဖွ မှိတ်
လိုက်တယ်....

မှိတ်ချလိုက်တဲ့ မျက်ခွံတွေအောက်က စိတ်မျက်
လုံးတွေမှာတော့... ပုံရိပ်တစ်ခု...

ကြည်နူးရအောင် ဂရုစိုက်တတ်သော
ရင်ခုန်ရအောင် အပြုံးတွေခြွေတတ်သော
မျှော်လင့်ချက်တွေ ပေးတတ်သော..
အကြိမ်ကြိမ်နာကျင်စေသော..
ကျွန်တော်ချစ်ရသော.. လူတစ်ယောက်ရဲ့
ပုံရိပ်က.. အတွေးတွေထဲမှာ ဖြစ်ပေမယ့် ထင်ထင်ရှားရှား ...

ကျွန်တော် တကယ်သိချင်မိသည်...
သူက ဘယ်လိုလူမျိုးလဲ.. သူစိတ်ထဲမှာ
ဘာတွေတွေးနေတယ် ...
အကုန်.. သူနဲ့ ပတ်သတ်ပြီးအကုန်သိချင်မိသည်
.... ဒါပေမဲ့.. ကျွန်တော်က သိခွင့်ရှိတဲ့သူ..
မေးခွင့်ရှိတဲ့ သူရော ဟုတ်ရဲ့လား...
အကယ်၍ သိခွင့်ရရင်ရော...
ဖြစ်နိုင်ရင် သူ့စိတ်ထဲကို ခဏလောက်ဝင်ကြည့်ချင်မိသည်...
သူ ဘာတွေတွေးနေမလဲဆိုပြီးတော့ပေါ့..

သူ့အကြောင်းတွေသိချင်ပြီး သူ့ကို နားလည်ပေးချင်တာကတော့အမှန်ပင်ဖြစ်သည်
.... သူကိုယ်တိုင်ပဲ မျှော်လင့်ချက်တွေပေး
ပြီး... သူကိုယ်တိုင်ပဲ ရိုက်ချိုးတတ်သော.. အဲ့လို
သူ့ကို ကျွန်တော် နားလည်ပေးချင်သည်...
ခွင့်လွှတ်ပေးရင်း သူ့အနားမှာ..
ကျွန်တော့်ကို မချစ်ဘူးလို့ ထပ်ခါထပ်ခါဆို
လေ့ရှိတဲ့ သူ့ကို မျက်စိစုံမှိတ်ချစ်ချစ်ရင်းနှင့်ပင် ကပ်တွယ်နေချင်မိသည်
...

C•L•O•U•D Where stories live. Discover now