~တိမ်~(Extra)

388 16 1
                                    

အချစ်က တိမ်တွေလို ။ကျွန်တော်ကတော့ အဲဒီတိမ်တွေပေါ် ခုန်ချပစ်ချင်တာပဲ။ ဘယ်လို အမြင့်က ပြုတ်ကျရ ပြုတ်ကျရပေါ့။ခင်ဗျားရော ဘယ်လိုလဲ။

မြို့ရဲ့မီးအလင်းရောင်တွေ လင်းလက်နေတဲ့ ညအချိန် အမှောင်အတိကျလျက်ရှိတဲ့ အခန်းထဲ အမြင်အာရုံရဲ့ အကူအညီမလိုဘဲ ရင်းနှီးကျွမ်း၀င်စွာပဲ ၀င်လာပြီး အိပ်ရာပေါ် ပျင်းရိစွာပဲ လှဲချလိုက်သည်။

ညစာအတွက် ဘာမှမစားဘဲ

သောက်ထားမိတာကြောင့် ဗိုက်ထဲမအီမသာဖြစ်နေတာကို သတိထားမိပေမယ့် တစ်ခုခု ထပြီးစားလိုက်ဖို့ ၊ ဆေးတွေဘာတွေ သောက်လိုက်ဖို့လည်း စိတ်ကူးမရှိဘဲ ဒီအတိုင်း ပေတေပြီးသာလှဲနေမိသည်။ ခဏကြာတော့ ၀မ်းထဲ မနေနိုင်အောင် လူးလိမ့်တက်လာတော့မှ အမြန်ကုန်းရုန်းထရင်း အိမ်သာထဲကို အလျင်ပြေးကာ ထိုးအန်ရတော့သည်။ဘေစင်မှာ ရေအေးအေးနှင့် မျက်နှာသစ်လိုက်တော့မှ စိတ်ထဲ နည်းနည်းလေး ပြန်ပြီး အဆင်ပြေလာသလို ခံစားလိုက်ရသည်။ မှန်ထဲမှာ အရိပ်ထင်ပေါ်နေတဲ့ သူ့ပုံရိပ်က မမြင်ရက်နိုင်စွာ။နှုတ်ခမ်းမွှေးရေးရေးနှင့် လျစ်လျူပြုထားခဲ့မိတာ သိသာစွာ ခြောက်သွေ့နေတဲ့ ကိုယ့်မျက်နှာကိုယ် ပြန်မြင်တော့

သိတာမကြာသေးတဲ့ ပင်ကိုရွှေရောင်ဆံပင်တွေကိုပိုင်ထားတဲ့ သူငယ်ချင်းမလေးရဲ့ စကားကို ပြန်ကြားယောင်မိသွားသည်။

" အရင်က နင် ဘာတွေ ဖြစ်ခဲ့လည်းတော့ ငါမသိဘူး ဒါပေမယ့် အခု နင့် အခြေအနေက အဆင်ပြေ မနေဘူး ။ စိတ်ကျန်းမားရေးပညာရှင် နှင့် သေချာ စကားပြောကြည့်သင့်တယ်လို့ ငါထင်တယ်။ နင် အသက်ဆက်ရှင်ချင်သေးရင်ပေါ့"

ပစ်စလက်ခတ်ချွတ်ထားတဲ့ အင်္ကျီအိပ်ကပ်ထဲက ထွက်ကျမလိုဖြစ်နေတဲ့ လိပ်စာကတ်လေးကို အကြည့်ရောက်သွားရင်း Chanyeol ဆုံးဖြတ်ချက် ချလိုက်သည်။

လေထဲ တလွင့်လွင့်လူးနေတဲ့ ခန်းစီးကြားကနေ စားပွဲပေါ်က အိမ်တွင်းပျိုးပင်လေးပေါ်ကို နေရောင်ခြည်က ဖြာကျနေသည်။စာအုပ်အပြည့်နှင့် စာအုပ်စင်ဆီက တစ်ချက်တစ်ချက်ပျံ့လွင့်လာတဲ့ စာရွက်သားညက်ညက်ရဲ့ ရနံ့ကလည်း စိတ်ကို အေးချမ်းစေသလို။

C•L•O•U•D Where stories live. Discover now