~တိမ္~

6.3K 631 141
                                    

Unicode

...

ကိုယ် မင်းကို
... ချစ်တယ်

...

C•L•O•U•D

ဆိုင်ရဲ့မှန်တံခါးလေးကို အသာတွန်းလိုက်ရင်း
ဝင်သွားတော့ ဆိုင်ထဲမှာ လူတစ်ယောက်စ
နှစ်ယောက်စက လွှဲပြီး ရှုပ်ယှက်ခတ်မနေ ...

ဒီဆိုင်လေးလည်း ဒီအတောအတွင်း အများကြီး
ပြောင်းလဲသွားခဲ့သည် ...

ကောင်းသောပြောင်းလဲခြင်းတွေမို့
တိုးတက်လာတယ်လို့ ပြောရင်လည်းမှန်မည်လေ

ဆိုင်ရဲ့ အလယ်နားလောက်မှာပဲ ..
Piano ဂီတာ တယော .. စတဲ့တူရိယာတွေ
ကို စနစ်တကျတင်ထားပေးပြီး တီဝိုင်းပုံစံမျိုးလေးရှိနေသည် ...

စင်ရယ်လို့ သတ်သတ်မဟုတ်ဘဲ ...
ဆိုင်ရဲ့ အလယ်လေးမှာပင်ရှိနေတဲ့
ခပ်သေးသေး အဲ့ဒီ့နေရာကျဉ်းကျဉ်းလေးက
ဆိုင်ရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်နေပြန်သည်

Propose တွေ surprise eventတွေအတွက်
တင်မကဘဲ customerတွေကပါ ...
စိတ်ဆန္ဒရှိရင် ဝင်ရောက်သီဆို တီးခတ်နိုင်တဲ့
... ဒီလို ideaကို ကျွန်တော် အရမ်းသဘောကျခဲ့သည် ....

ဆိုင်ရဲ့ထောင့်ကျကျတစ်နေရာကို ရွေးထိုင်ရင်း
ကော်ဖီခါးခါးတစ်ခွက်နဲ့အတူ ... ကျွန်တော့်
ရဲ့ အချိန်တော်တော်များများကို ကုန်ဆုံးဖြစ်သည်
...

အငွေ့တရှိန်ရှိန်ထွက်နေတဲ့ ကော်ဖီကို အရသာခံနေရင်း ... တီဝိုင်းလေးမှာ သီချင်း
ထိုင်ဆိုနေတဲ့ မိန်းကလေးဆီကို အာရုံတွေက
ရောက်သွားသည်...

" 🎶 But I'm not alive until you call

And I'll

bet the odds against it all 🎶 "

မျက်လုံးတွေကိုမှိတ်ရင်း.ဟန်ပါပါ သီဆိုနေတဲ့
ထိုမိန်းကလေးက ... တကယ့်ကို ခံစားချက်အစစ်အမှန်တွေ ပေါက်ကွဲနေသလို
မာန်အပြည့်နှင့်ပင်

" 🎶 Save your advice 'cause I won't

hearYou might be right but I don't care🎶"

အရမ်းသဘောကျခဲ့သလို ခံစားချက်တွေလည်း
တိုက်ဆိုင်ခဲ့တဲ့ သီချင်းမို့ .. ကော်ဖီခါးခါး
လေးနဲ့ လိုက်ဖက်လွန်းနေခဲ့သည်

C•L•O•U•D Where stories live. Discover now