~တိမ္~

5.3K 644 138
                                    

Unicode

...

မင်းဟာ.. ကိုယ့်အတွက်ပဲ ဖြစ်ပေးမယ်မို့လား
နာကျင်ရလည်း... ကိုယ့်အတွက်ရှိနေပေးမယ်မို့လား

...

" hyung~~ "

ခပ်ဖွဖွခေါ်လိုက်ရင်း.... hyungပေါင်ပေါ် လှဲအိပ်နေရာက ထလိုက်သည်...

"Hyung... တစ်ယောက်ယောက်ကို.. ချစ်နေခဲ့
တာလား.... ကျွန်တော့်လိုမျိုး.. "

ညို့မှိုင်းနေတဲ့ hyungရဲ့မျက်ဝန်းတွေ လက်ခနဲ
ဖြစ်လာပြီး တဟားဟားအော်ရယ်တော့သည်

" baekhyuneeက.. တကယ့်ကို လူဆိုးလေးပဲ "

Hyunရဲ့လေသံက ပုံမှန်လေးပေမယ့်
ကျွန်တော့်ရင်ထဲ ဆို့နင့်သွားသလို ခံစားလိုက်ရသည်..... အရမ်း ..
အရမ်း နာကျင်နေတာလား hyung..

Hyungရဲ့စကားကို အလိုမကျစွာ..
နှူတ်ခမ်းဆူမိသည်...

"Baekhyuneeက... wae! ... ဘာလို့ လူဆိုးလဲ "

Hyungက ခပ်ပြုံးပြုံးလေးနေရင်းက...ကျွန်တော့်
ပါးနှစ်ဖက်ကို ဆွဲဖျစ်လိုက်ရင်း..

" hyungက hyungရဲ့baekhyuneeလေးကို
ကလေးလေးထင်နေတာ.. အခုတော့..
Hyungကိုတောင် ရောင်းစားပြီး
ချစ်သူထားတော့မယ်ပေါ့ ဟုတ်လား... "

ပါးနှစ်ဖက်ကိုhyungဆွဲထားတာမို့ ဆူထွက်
နေတဲ့နှုတ်ခမ်းလေးနဲ့ပဲ hyungပါးကို ပြွတ်ခနဲ
လှမ်းနမ်းလိုက်ရင်း.. hyungရင်ခွင်ထဲ တိုးဝင်ကာ
ချွဲနေမိသည် ..

"Hyungနဲ့ဆို..baekhyuneeက ကလေးလေးပဲ
လုပ်မှာပေါ့လို့..hyungရဲ့. Baekhyunee
က hyungရဲ့ကလေးလေးပဲဟာ.. "

Hyungရဲ့လည်ပင်းကိုဖက်တွယ်ထားရင်း...
ကလေးလေးတစ်ယောက်လို ချွုဲကာ ပြောလိုက်မိပေမယ့်...
Hyungကတော့ သူ့ရဲ့ မူပိုင်အပြုံးလေးနဲ့သာ

"အဲ့တာတွေကြောင့်.. လူဆိုးလေးလို့ပြောတာပေါ့."

လေသံလေးတိုးတိုးလေးနဲ့ ညီးညူးသလို
ပြောလာတဲ့ hyungကြောင့်...

" hyung... hyungရော.. အဲ့ဒီ့လူကို အရမ်းချစ်လား .. "

"အဲ့ဒီ့လူ... "

Hyungက သံယောင်လေးခပ်ဖွဖွလိုက်ရွတ်ရင်း
ကျွန်တော့်ကိုယ်လေးကို ခပ်ဖွဖွပြန်ဖက်ထားပေးသည်..

C•L•O•U•D Donde viven las historias. Descúbrelo ahora