~တိမ္~

5.5K 647 155
                                    

Unicode

...

...ကိုယ်
မရည်ရွယ်ခဲ့ပါဘူး

...

တိုးဝင်လာတဲ့ အနမ်း.. ဟင့်အင်း
အနမ်းမဟုတ်တဲ့ နှုတ်ခမ်းတွေက အစပထမ
ကတည်းက နူးညံညင်သာမနေခဲ့
...

ကြမ်းတမ်းသည်..
ခက်ထန်သည်...
အလျင်လိုနေခဲ့သည် ... ဒါဟာ
အနမ်းတစ်ခု မဟုတ် ...

"Ch..အင့်..Chan..ဖယ်.. ဖယ်ပါ "

လက်တွေက တွန်းနေပေမယ့်
အားမပါ... တကယ်တမ်း အင်အားတွေက
တစ်စက်ကလေးမှမရှိတော့ ...

အတင်း ဖိကပ်ပွတ်ဆွဲခံထားခဲ့ရတဲ့ နှုတ်ခမ်းတွေက
နာသည် ... ဒါပေမဲ့ နှလုံးသားထဲက ပိုနာသည်
သွေးစိမ်းရှင်ရှင်ပန်းထွက်နေတဲ့ ဒဏ်ရာကို
အပ်နဲ့ ထိုးဆွနေသလိုမျိုး..
အသည်းခိုက်မတတ် နာကျင်သည်

နှုတ်ခမ်းပေါ်က ဓားသွားတွေက တစ်ဖြည်းဖြည်း
မေးဖျားကို နယ်ချဲ့လာခဲ့သည်...
ခေါင်းတွေရမ်းနေမိပေမယ့်.. သူ့လက်တွေနဲ့
ဖမ်းချုပ်ထားခံရတဲ့ ကျွန်တော့် လက်
တွေကတော့.. မလှုပ်သာ..

ကျွန်တော့်လက်သွယ်သွယ်တွေကို
သူ့လက်တွေနဲ့ ဆုပ်ကိုင်ထားတဲ့ အချိန်တိုင်း
ကျွန်တော် ဘယ်လောက်တောင် ကြည်နူး
ရင်ခုန်နေခဲ့ရသလဲ... အခုတော့..
အခုတော့...

" Chan.. လွှတ်ပေးပါဆို. ကျွန်တော်
စိတ်တိုလာပြီနော်... "

ဝမ်းနည်းတုန်ရီနေတဲ့ အသံတွေကို ဒေါသစွက်ကာ
ခပ်မာမာအော်ပြောလိုက်ပေမယ့်...

အရိုင်းဆန်တဲ့.. အထိအတွေ့တွေနဲ့
Chanဟာ.. နည်းနည်းလေးမှ ရပ်တန့်မသွား..
သူ နှုတ်ခမ်းတွေက မေးဖျားကနေတစ်ဆင့်
လည်ပင်းတွေပေါ်အထိ နယ်ချဲ့နေရာယူလို့
ခရီးဆက်နေခဲ့သည်...

"Chan..ဟင့်..အ..တော်..တော်..ပါ..တော့.. "

လည်ပင်းဘေးသားတွေကို နှုတ်ခမ်းရဲရဲ နှစ်လွှာကြားညှပ်ပြီး.. စုပ်ယူလိုက်တိုင်း ...
ခန္ဓာကိုယ် တစ်ခုလုံးက အင်အားတွေအကုန်
လွင့်စင်သွားသလို... ဒူးတွေပါခွေယိုင်လာခဲ့
သည်...

နမ်းနေရင်းပဲ ယိုင်နဲ့နေတဲ့ ကျွန်တော့်ကိုယ်လေးကို
ဆွဲလှည့်ပြီး ထိန်းသွားရင်း.. ခြေလှမ်းတွေရဲ့ ဦးတည်ရာက ကုတင်ထက်..

C•L•O•U•D Where stories live. Discover now