~တိမ္~

5.1K 637 104
                                    

Unicode

...

ကိုယ့်ကို စောင့်နေပေးမှဖြစ်မယ်
ကလေး

...

"တော်တော့ လေးထောင့်လေးရယ် ...
တော်ပါတော့ ... "

ဒုတိယမြောက်ကြယ်သီးကိုဖြုတ်နေတဲ့
ကျွန်တော့်လက်တွေကို ဆုပ်ကိုင်လာရင်း
ပြောလာတဲ့ Chanကို နားမလည်သလို
ပုံစံမျိုးနဲ့ မော့ကြည့်လိုက်မိသည် ...

မျကလုံးတွေနီရဲကာ ... မျက်ရည်တွေဝိုင်းနေတာ
ကို တွေ့လိုက်တော့ ... ကျွန်တော့်လက်တွေကို
ဆုပ်ကိုင်ထားတဲ့ သူ့လက်တွေကို ခပ်ကြမ်း
ကြမ်း ဖြုတ်ချလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်

" ကျွန်..ကျွန်တော် တောင်းပန်ပါတယ် ..
Chanက ကူညီပေးခဲ့တာကို .. ကျွန်တော်..
ကျွန်တော်က ကျေးဇူးတင်စကားတောင် မပြောဘဲ
စော်ကားသလို ဖြစ်သွားတယ် ... "

ဒူးထောက်လျက်သား ရှိနေတဲ့ Chanက
ခေါင်းကို ငုံ့ထားရင်း ဒူးထောက်လျက်သား
သာ ထိုင်နေမြဲဖြစ်သည် ...

" ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်
Chan... ကျွန်တော် မကြာခင် ပြန်ဆပ်ပါ့မယ် "

ခါးကို 90 ဒီဂရီ ဦးညွှတ်ကာ.. ကျေးဇူးတင်စကား
ဆိုမိတော့.. Chanက ခေါင်းကိုခါပြရင်း

" ကျေးဇူးတင်စရာမလိုပါဘူး.. လေးထောင့်လေး
ရယ် ... ကိုယ်တို့က သူစိမ်းတွေမှ မဟုတ်ဘဲ "

သူစိမ်းတွေမဟုတ်ဘူး...
သူစိမ်းတွေမဟုတ်ဘူးလား
သူစိမ်းတွေ မဟုတ်တော့ သူနဲ့ ကျွန်တော်က
ဘာတွေပါလိမ့် ...

" အော်...ဒါပေါ့..ကျွန်တော်တို့က.. တွဲနေကြတာ
ပဲဟာ... "

Chanဆီက ဘာစကားသံမှ ထွက်မလာခဲ့

ခေါင်းငုံ့လျက်သား ဒူးထောက်လျက်သား
သာ ငြိမ်သက်နေခဲ့သည်

" ဖြစ်နိုင်ရင်လေ... သူစိမ်းတွေပဲ ဖြစ်လိုက်ချင်
တော့တယ် Chanရယ် ... "

ပြောနေရင်း.. ရင်ထဲဆို့နင့်တက်လာပြီး...
အမြင်တွေ ဝေဝါးလာကား... မျက်ရည်
တစ်စက ဘယ်ဘက်မျက်ဝန်းကနေ စီးဆင်း
လာခဲ့သည် ...

ထိုမျက်ရည်စကို ဂရုမမူဘဲ တဟားဟား
အော်ရယ်လိုက်ရင်း... Chanကိုကြည့်လိုက်မိသည်

C•L•O•U•D Where stories live. Discover now