~တိမ္~

4.9K 612 60
                                    


Unicode

...

ကိုယ်... တောင်းပန်ပါတယ်..
မင်းကို ... နာကျင်စေမိလို့

...

"တွဲမယ်လေ... တွဲကြတာပေါ့ Chan
ကျွန်တော်တို့တွဲကြမယ် "

ထိန်းလို့မရနိုင်တော့အောင်... မျက်ရည်တွေက
ပါးနှစ်ဖက်ပေါ်.. အလုအယက် အပြေးအလွှား
စီးကျလို့ ... ထပ်ပြီးထိန်းထားဖို့ မကြိုးစားမိ
တော့.. ဒီမျက်ရည်တွေကနေပဲဖြစ်ဖြစ်
ကျွန်တော် ဘယ်လောက်နာကျင်နေရလဲဆိုတဲ့
အကြောင်းသိစေချင်မိသည်....

သွားကြည့်ကြတာပေါ့ Chan..
အစွန်းဆုံးထိ ကျွန်တော်တို့ သွားကြည့်ကြတာပေါ့
အဆုံးသတ်ဆိုတဲ့အရာဟာ.. ဒီလမ်းရဲ့
တစ်နေရာရာမှာတော့ ရှိနေမှာပါ...

"..လေး..လေး..လေးထောင့်လေး.. ကိုယ် "

မျက်လုံးတွေနီရဲပြီး... တစ်ခုခုရဲ့ဝင်ပူးခံနေရသလို
ပုံစံကနေ.. အခုမှ အသိစိတ်ဝင်လာတဲ့ သူလို
ကပျာကယာ.. တစ်ခုခုပြောဖို့ကြိုးစားနေတဲ့
Chan.....

" ကိုယ်. ကိုယ်တကယ်တောင်းပန်ပါတယ်..
ကိုယ်တောင်းပန်ပါတယ်... ကလေးရယ်..
ကိုယ်မှားသွားတာပါ..."

Chanကတော့
တောင်းပန်ပါတယ်ဆိုတဲ့ စကားကိုပဲ အဆီအလျော်မကျစွာ ထပ်တလဲလဲပြောနေခဲ့သည်.

တောင်းပန်ပြန်ပြီ... ဘာကိုတောင်းပန်တာလဲ
Chan... Chanမှာ အပြစ်မှ မရှိဘဲ...

Chanက Chanကိုချစ်ပေးပါလို့ တစ်ခါလေးမှ
မတောင်းဆိုပါပဲ.. ကျွန်တော့်က ချစ်ခဲ့တာလေ
.... ချစ်ခဲ့မိတဲ့ ကျွန်တော့်က မှားတာမို့..
Chanက တောင်းပန်စရာမှ မလိုဘဲ...

... ပုခုံးစွန်းလေးနှစ်ဖက်ကို ထိမလိုရွယ်လိုက်..
ပါးပြင်ပေါ်က မျက်ရည်စက်တွေကို လက်ဖျား
လေးနဲ့ ပန်းလေးတစ်ပွင့်ကို ထိကိုင်သလိုမျိုး
ခပ်ဖွဖွလေး ထိရင်း ဖယ်ရှားပေးလိုက်
လုပ်နေတဲ့ သူ့ရဲ့.. အပြုအမူတွေကြောင့်...

နာကျင်နေရမယ့်နှလုံးသားဟာလည်း...
နူးညံ့သိမ့်ခုန်လာသလို....

အမှတ်သည်းခြေမရှိလိုက်တာ.. နှလုံးသား
ဆိုတဲ့ သတ္တဝါရယ်...

" ကိုယ်.... "

စကားကို စလိုက်ပေမယ့်....
ဘာမှဆက်မပြောတော့ပဲ... ကျွန်တော့်ကိုယ်လေးကို သူ့ရင်ခွင်ထဲ သိမ်း
ပွေ့လိုက်ကာ.. ခေါင်းလေးကို ခပ်ဖွဖွ ပွတ်သတ်
ပေးနေတဲ့.. Chan...

C•L•O•U•D Where stories live. Discover now