~တိမ္~

5.8K 693 21
                                    

Unicode

...

ကိုယ်တို့တွေ..
တစ်ယောက်နဲ့တစ်ယောက်
မချည်နှောင်ပဲနေကြရအောင်..

...

နောက်ဆုံးအထိ....
နောက်ဆုံးအချိန်ထိ ရောက်မလာပေးဘူးပဲ...

ည9နာရီကျော်နေပြီဆိုပေမယ့်...
ဟန်မြစ်ကမ်းဘေးမှာတော့ လူတွေက
အထိုက်အလျောက် ရှိနေသေးသည်...

လျှပ်စစ်မီးရောင်စုံတွေ နဲ့ လင်းလက်နေသေးသည်
က... ညဟုပင် အထင်ရောက်စရာ မရှိ

စုံတွဲတွေ... မိသားစုတွေ...
လမ်းလျှောက်ရင်း စကားစမြည်ပြောရင်း..
ပျော်ရွှင်နေကြတဲ့ သူတွေက..
သူ့ကို လှောင်ပြောင်နေကြသလို...

အိမ်ပြန်တော့မယ်.. အိမ်ပြန်သင့်ပြီ
သူ စောင့်သင့်တဲ့ အချိန်ထပ် ပိုပြီး
စောင့်ပေးခဲ့ပြီးပြီ...
ကျွန်တော်စောင့်နေခဲ့တယ်နော် Chan
Chanက ရောက်မလာခဲ့တာ..

မားလည်း အတော်ကြီး စိတ်ပူနေလောက်ပြီ
ဖုန်းက ပိတ်ထားပြီး အတော်နောက်ကျတဲ့ အထိ ပြန်မလာလို့.. မားတော့.. အတော် ပျာယာခတ်နေ
ရှာမှာ.. မားကို အားနာမိသွားသည်...
ပြီးတော့. မားရှေ့မှာ ဒီလို စုတ်ပြတ်သတ်နေတဲ့
သူ့ရဲ့ ပုံစံကို မပြချင် ...

သူပျော်ပျော်ရွှင်ရွှင်လည်ပတ်လာတဲ့ ပုံစံမျိုးဖြစ်
အောင် ဘယ်လို ပြုံးပြရပါ့မလဲ .. ...

သူပျော်မှ မပျော်ခဲ့ရပဲ ဘယ်လိုအင်အား
မျိုးနဲ့ ဟန်ဆောင်ပြရပါ့မလဲ...

တစ်ချိန်လုံး... ဒီနေ့လေးကျရင် ဒီနေ့လေးရောက်ရင်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့
နေလာခဲ့ပြီးမှ....

ဒီလို... မျှော်လင့်ချက်တွေ တစစီ စုတ်ပြတ်သတ်
သွားတော့ ခံရခက်လှသည်....

နာသည်... ရင်ထဲမှာ နင့်နေအောင်နာသည်..
ကမ္ဘာကြီး တစ်ခုလုံးကို ဆုံးရံှုးသွားရသလိုမျိုး
.... Chanရယ်...

သူ့နာမည်လေး ရေရွတ်ကြည့်ရုံမှအပ ဘာစကား
မှတော့ထွက်မလာမိ... သူ့ကို အပြစ်မတင်
ရက်ပါ... သူ ရောက်မလာခဲ့ဘူး ဆိုတာဟာ
... ရောက်မလာဖြစ်လောက်တဲ့အထိ အကြောင်း
ပြချက်တစ်ခု သူ့မှာရှိနေမှာ....

C•L•O•U•D Where stories live. Discover now