တိမ်းညွန့်ခဲ့သော နှလုံးသား

18K 1.2K 9
                                    

•unicode

အရေးပေါ်အဆောင်မှ ထွက်လာပြီး ပြင်ပလူနာဌာန သို့ထွက်လာခဲ့သည်။ ပြင်ပလူနာဌာနဘက်သို့ ဦးတည်၍သာ ဘေးဘီဝဲယာကို သတိမထားဘဲ ရှေ့ကိုသာ ဦးတည်၍ လျှောက်လာသည်။ လူနာအခန်းများကိုကျော်လွန်၍ လျှောက်လာခဲ့ပြီး လှေကားထောင့်ချိုးအခန်းမှ ဆူညံ့သံများကို သဲ့သဲ့ကြားမိသည်။
ဘာတွေ ဒီလောက်တောင်ဆူညံ့နေရတာလဲဟုပြောရင်း အခန်းထဲသို့ဝင်သွားမိသည်။
ဟိုတစ်ယောက် ပဲ။

' ဒီမှာ ကိုယ့်ဆရာတို့၊ ဒါဆေးရုံနော် တခြားလူနာတွေလည်းရှိတယ်၊ စည်းကမ်းရှိပါစေ'ဟုငေါက်လိုက်ပြီး ထွက်လာခဲ့သည်။

' ထွဋ်ကို...ဟေ့ကောင်၊ ဒီကောင်လေးက စွာလှချည်လား ၊ ကြည့်ရတာတော့ ငါတို့ထက်ငယ်မှာသေချာတယ်၊ မင်းဒီအတိုင်းထားမှာလား၊နည်းနည်းပါးပါးပညာလေးဘာလေး မပေးတော့ဘူးလား '

ထွဋ်ကိုက ခပ်ကျယ်ကျယ်ရယ်ကာ မင်းကြည့်လိုက်စမ်းပါ ဟု ပြော၍ အခန်းထဲမှထွက်လာလိုက်သည်။
ဟော်...တွေ့ပါပြီ လူစွာလေး ။ မပီမသ နှုတ်ခမ်းကွေးရုံမျှ ပြုံးရင်း အမှီပြေးလိုက်သွားသည်။

' ဒီမှာ...ဒီမှာ...ဟေ့'

အနောက်မှ ရင်းနှီးနေဖူးသော အသံကြောင့် ခြေလှမ်းများကို ရုတ်ချည်းရပ်တန့်လိုက်မိသည်။ ခေါင်းကို အနောက်ဘက်သို့ ချာခနဲ လှည့်ကြည့်လိုက်သည်။ဪ သူကို...။

ကိစ္စထွေထွေထူးထူးရှိလို့လား ဗိုလ်ကြီး ဟု အပြုံးမရှိသော နှုတ်ခမ်းများကို အပေါ်သို့တွန့်၍ ပြောလိုက်သည်။

' စကားခဏပြောလို့ရလား ညီ '

ညီ လို့ခေါ်လိုက်တာလား.။

ညီဆိုသော နာမ်စားကို တက္ကသိုလ်စတက်သည်ကတည်းက တာဝန်ကြသည်အထိ၊စီနီယာ ဂျူနီယာ ဆက်ဆံရေးတွင် နိစ္စဒူဝကြားခဲ့ရပါ၍ မထူးဆန်းတာတော့ အမှန်ပါ။
သို့သော်.... တခြားသူတို့ခေါ်သောအသံထက် ပို၍ချိုသာနေသည်။

နှလုံးသားကိုနွေးထွေးစေသည်။ ဘယ်ဘက်ရင်အုံအောက် အစိတ်အပိုင်း တစ်ခုသည် မသိမသာ လှုပ်ခက်နေသည်။ မသိစိတ်တို့က ဦးနှောက်ကို လွှမ်းမိုးနေလေပြီ။ ညီ ဟူသော ခေါ်သံတွင် ကြည်လင်ပြတ်သားမှု၊ နွေးထွေးမှု၊ ဆွဲဆောင်နိုင်မှုနှင့် ဩဇာညောင်းမှုတို့ပါ ပါ၀င်နေသည်။

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Tempat cerita menjadi hidup. Temukan sekarang