စိတ္တဇ အဘိဓာန်

10.1K 764 27
                                    

•unicode

ညကသူနဲ့တွေ့ရမည်ဆိုသော အတွေးကြောင့် ကောင်းကောင်းအိပ်မရခဲ့ပါ။ သို့သော် အိပ်ပျက်ညများလိုမူးဝေ၊ထုံထိုင်းချင်း တစ်စက်မရှိပေ။ ဦးနှောက်တို့က သူ့အလိုလို ကြည်လင်လန်းဆန်းနေသည်။

ဤအရာကို အချစ်၏တန်ခိုးဟု ဆိုရမလား။
တွေ့ချင်လှပါပြီ သူ့မျက်နှာကလေး။
ထို့ကြောင့် အိပ်ရာနိုးသည်နှင့် ရေချိုးခန်းထဲသို့ဝင်ကာ မုတ်ဆိတ်မွေးတို့ကို သေချာရိတ်၍ မျက်နှာကိုသေချာသန့်စင်စေသည်။ ခေါင်းကိုလည်းသေချာလျှော်လိုက်သည်။

ရေကိုစင်အောင်သုတ်သည်။စိုနေသော ဆံပင်တို့အား တဘတ်ဖြင့်ပြောင်နေအောင် သုတ်သည်။

သေတ္တာထဲမှ အင်္ကျီများကို သေချာတစ်ခုချင်းစီ ထုတ်ကြည့်နေသည်။ အင်္ကျီတစ်ထည်ကို ထုတ်၍၀တ်ကြည့်သည်။ကိုယ်ကျပ်အင်္ကျီဖြစ်သောကြောင့် ကျပ်နေသည်။

' အင်း..အရမ်းကျပ်နေတော့လည်း လှုပ်ရှားရင်ချွေးတွေထွက်ဦးမယ်၊မဖြစ်ဘူး '

၀တ်ထားသောအင်္ကျီကို ချွတ်ကာသေချာပြန်ခေါက်၍ နောက်အင်္ကျီတစ်ထည် ထပ်ရှာသည်။
အင်္ကျီမဝတ်ခင် အောက်ခံစွတ်ကျယ်အဖြူကို ၀တ်လိုက်သည်။ ပြီးမှ အင်္ကျီလက်ခေါက်ပြီးသားကို အပေါ်မှထပ်၍ သေသပ်စွာ ကြယ်သီးများတပ်လိုက်သည်။

စတိုင်ပန် အမဲရောင်ကို ကျနစွာဝတ်လိုက်သည်။ ဘူးထဲမှ ဘွတ်ဖိနပ် အဖြူ ကိုလည်း ထုတ်၍၀တ်လိုက်သည်။
မှန်ထဲတွင်ပေါ်နေသော ကိုယ့်ကိုကိုယ် ပြန်ကြည့်၍ ပြုံးလိုက်သည်။

' ငါတော်တော် ကြည့်ကောင်းပါလား '

ပြုံး၍ ဆံပင်အားခေါင်းလိမ်းဂျယ်ဖြင့် သေချာသပ်တင်လိုက်သည်။

ထို့နောက်ရေမွှေးအားလည်တိုင် ၊လက်ကောက်ဝတ် နှင့် အင်္ကျီတို့တွင် ဖြန်းလိုက်သည်။ နာရီအား လက်တွင် ပတ်လိုက်သည်။

ကုတင်ပေါ်တွင် တင်ထားသော အိတ်ကိုဆွဲကာ သွားမည် လုပ်လိုက်သည်။

' အလှပြင်လို့ပြီးပြီလားကွာ၊ အနံ့ပေါင်းစုံနဲ့ နှိပ်စက်နေတယ်၊ ပိတ်ရက်ကလေး အိပ်ရမယ် မှတ်နေတာ ၊ ဘယ်သွားမှာ မို့လို့ ဒီလောက်တောင်ပြင်နေရတာတုန်း '

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now