နှုတ်မဆက်ဘူး လွမ်းရစ်မည်

7.2K 565 24
                                    

•unicode

အမှောင်ထဲကနေ၍ နေ့သစ်တစ်ခုကို စတင်ခဲ့သည်။ မိုးလင်းပြီတဲ့ ။ မိုးလင်းသည်ကို သူမမြင်ရ ၊ မေမေပြောမှသာ သိရသည်။ ကုတင်ပေါ်၌ ကျုံ့ကျုံ့ကလေး သူထိုင်လိုက်သည်။ မျက်နှာသစ်၊သွားတိုက် ကိစ္စကို မေမေနှင့်မေနွယ်တို့ကတစ်လှည့်စီ လူနာစောင့်၍ စီမံပေးသည်။ စနိုးတာဝါတစ်ထုတ်ကို ဖောက်ပြီး မေမေက သူ့လက်ပေါ်တင်ပေးသည်။ ထိုအဝတ်စကို ကိုင်၍ မျက်နှာပေါ်သို့ ဖြည်းဖြည်းချင်း ပွတ်လိုက်သည်။ အေးစက်စက် အထိအတွေ့ကြောင့် အနည်းငယ် လန်းဆန်းသွားသည်ဟု ခံစားလိုက်ရသည်။ သွားတိုက်ဆေး အသင့်ထည့်ထားသော သွားပွတ်တံကို မေမေက ကမ်း၍ လက်ထဲထည့်ပေးသည်။ သွားပွတ်တံကို ကိုင်ရင်း လှုပ်လီလှုပ်လဲ့ သွားကိုပွတ်လိုက်သည်။

' ပြီးပြီလား သား '

ခေါင်းညိတ်ပြပြီးပြန်ဖြေလိုက်သည်။

' ထွေးလိုက်လေ သား၊ မေမေ ဇလုံခံပေးထားတယ် ရော့ ပလုပ်ကျင်းလိုက် '

ပလုတ်မြန်မြန်ကျင်းလိုက်သည်။

' ကော်ဖီသောက်တော့မလား သား မေမေ ဖျော်လိုက်မယ် '

' မေမေလည်း ပင်ပန်းနေရောပေါ့ ၊ သားအတွက် အလုပ်ပိုတွေလုပ်နေရတာ '

' မေမေ မပင်ပန်းပါဘူး ၊ မေမေ့သားလေးအတွက် ဒီလောက်တော့ မေမေ အပင်ပန်းခံနိုင်ပါတယ် ၊ သားသာ မြန်မြန်နေကောင်းအောင်နေ ၊ သားစိတ်ထဲမှာ မွန်းကြပ်နေတာ မေမေ နားလည်ပါတယ် ၊ မေမေ့ကို သားထွဋ်ကို အကုန်ပြောပြသွားပါတယ် ၊ သားရယ်.....ဒီလောက်အထိလုပ်ဖို့လိုလို့လား '

' ထားလိုက်ပါမေမေရယ်၊ ဒီအချိန်မှာ ဒါတွေသား မစဉ်းစားချင်ဘူး ၊ နောက်ပြီးသူ့အပေါ်လည်း ဆက်ပြီး ဒုက္ခမပေးချင်တော့ဘူး ၊ သူ့လမ်းသူဖြောင့်ဖြောင့်လျှောက်ပါစေတော့ '

မေမေက ဆက်မပြောတော့ဘဲ သက်ပြင်းချလိုက်ပြီး ဖျော်လက်စ ကော်ဖီကို ဆက်ဖျော်နေသည်နှင့်တူသည်။ ဇွန်းသံ ခွက်သံတွေကြားနေရသည်။ ခဏနေတော့ ကော်ဖီခွက်ကို လက်ထဲ ထည့်ပေးသည်။ ကော်ဖီကိုတစ်ငုံမော့လိုက်သည်။
လည်ချောင်းတလျောက် ခါးသပ်သပ်အရသာ ဝင်ရောက်လာသည်။

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now