ကနဦးပျော်ရွှင်မှုလေးများ(၂)

6.6K 558 2
                                    

•unicode

သို့
ကိုယ်သိပ်ချစ်ရတဲ့ ညီ........

ညီ့ကို ကိုယ်သိပ်အောက်မေ့တာပဲ။ ညီနဲ့ခွဲနေရတာဟာ ညီစိတ်ကောက်လို့ ကိုယ့်လက်မောင်းကို ကိုက်တာထက် ခံရခက်တယ်။ ဟိုးတုန်းက အသည်းမာလွန်းပါတယ်ဆိုတဲ့ ကိုယ့်ကို ညီသရော်မလား။ ကိုယ့်ကို ဘယ်လိုပဲသရော်ပါစေ ညီ့ကို ကိုယ်တကယ်အောက်မေ့တယ်။ ညီရယ် ကိုယ်တို့ဘယ်တုန်းက ဒီလိုအဝေးကြီးခွဲဖူးလို့လဲ။ပြီးတော့ သည်လောကကြီးထဲမှာ ကိုယ်ညီ့ကို အချစ်ဆုံးပါ။

ကိုယ်ဘယ်နေရာ ဘယ်ဒေသမှာရောက်နေလဲဆိုတာ ညီသိချင်မှာပေါ့ ၊ ကိုယ်လည်းသိပ်ပြောပြချင်တာပေါ့ကွာ ။ သို့ပေမယ့် အတွင်းစကားအပြင်မရောက်ရဘူးမဟုတ်လား။သံယောဇဉ်အကြောင်းကို ညီ ကောင်းကောင်း သိရဲ့လား။ နှောင်ကြိုးလို့လည်း ပြောကြတယ်။ တွယ်တယ်လို့လည်း ပြောကြပြန်တယ်။ ရုန်းမရတဲ့ သဘော၊ခွာမရတဲ့ သဘော။ ဘယ်သူမပြုမိမိမှုလို့ တရားကတော့ ပြောတယ်။ ပုတုဇဉ်အတွက်တော့ တရားဆိုတာဟာ စကားတစ်မျိုးသာပဲပေါ့ ။ သံယောဇဉ်ဆိုတာဟာ သံနဲ့ရောထားသလို သိပ်ခိုင်မာတာပဲကွာ ။ ဆောင်းဦးရောက်တော့မယ်နော် ညီ ။ဒီမှာတော့ မြူတွေဆိုင်းနေတယ်။အေးလည်းအေးတယ် ။ ရာသီအကူးအပြောင်းဆိုတော့ ကျန်းမာရေး ဂရုစိုက်ဦးနော်။ ရေကိုညဘက်သိပ်မချိုးနဲ့ ၊နှာစီးမယ်နော် ။ အင်္ကျီလက်ပြတ်တွေ သိပ်မဝတ်နဲ့ဦးနော် ၊ အအေးပတ်မယ် ။ အခုလိုမှာနေတာကို ပိုတယ်လို့ထင်လား ညီ။ ညီဟာဆရာဝန်တစ်ယောက်ဆိုတာ ကိုယ်သိပါတယ် ။ ဒါပေမယ့် ပညာရှိသတိလွတ်ခဲဆိုတဲ့ စကားလည်း ရှိသေးတယ်မဟုတ်လား။

ကိုယ်မကြာခင် ပြန်လာရတော့မှာပါ။ တပ်ကိုစာဝင်တယ်တဲ့။ အခြေနေဘယ်လိုလဲတော့ ကိုယ်လည်းမသိဘူး။ သေချာတာတော့ ကိုယ်အမြန်ပြန်လာချင်လှပြီကွာ။ ညီ့ရဲ့ပန်းရောင် နှုတ်ခမ်းလေးကို သိပ်လွမ်းတာပဲ ။ ကိုယ်ပြန်လာတာနဲ့ ညီဆီအပြေးလာခဲ့ပြီး ဟင်းဟင်း.......မပြောတော့ဘူးနော် သဘောပေါက်တယ်မလား ။ ညီ့နှုတ်ခမ်းလေးကို နမ်းချင်တယ်လို့ပြောတာပါ ။ ကဲ ကိုယ်နောက်မှ ဖုန်းဆက်လိုက်မယ်နော် ။ သိပ်ချစ်တယ် ညီ ။

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now