ကနဦးပျော်ရွှင်မှုလေးများ(၃)

6.3K 570 4
                                    

•unicode

အပြန်လမ်းသည် တိတ်ဆိတ်နေ၏။ လမ်းမီးများကတော့ လင်းထိန်နေသည်။ ကားမှန်ပိတ်စီးနေရင်းက မှန်ကို အဆုံးထိဖွင့်လိုက်သည်။ လေစိမ်းများက တဟုန်ထိုး သူ့မျက်နှာပြင်သို့ အတားစီးမရှိ ဦးတည်တိုးဝှေ့လာတော့သည်။ ဘယ်ဘက်လက်အား အပြင်သို့ထုတ်ပြီး ဆော့နေမိသည်။

' လက်မထုတ်နဲ့ညီ ၊ အန္တရာယ်များတယ် '

ရှေ့သို့ကြည့်ပြီးကားမောင်းနေသူအား သူနှာခေါင်းရှုံ့ပြပြီး တစ်ဖက်ပြန်လှည့်လိုက်သည်။ ထုတ်ထားသောလက်ကိုပြန်ထည့်ပြီး ကားတံခါးဘောင်ပေါ်အား လက်ကိုတင်လိုက်သည်။ပြီးနောက်ထိုလက်ပေါ်သို့ မေးတင်ကာ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်။

ကောင်းကင်က နီနေသည်။ ကြယ်ရောင်လည်းမရှိ။လမင်းကြီးက ထီးထီးကြီးနှင့် တစ်ကိုယ်တည်းရှိနေသည်။
တစ်ခုခုကို သတိရသွားဟန်နှင့် လမင်းကြီးကို ပြုံးပြီးကြည့်လိုက်သည်။

' သိပ်ချစ်တယ် အကို ' ဟု တိုးတိုးလေးညည်းလိုက်သည်။

' လေစိမ်းသိပ်မခံနဲ့ ဖျားဦးမယ် ' 

လေခံနေရာမှ သူ့ဘက်ကိုလှည့်ပြီး ကြည့်လိုက်သည်။
သူကတော့ ရှေ့ကိုချည်းကြည့်၍ မောင်းနေသည်။
ပွိုင့်မိ၍ ကားကို ရပ်လိုက်သည်။ သူက မိမိရှိရာဘက်ကို လှည့်ကြည့်သည်။

' ဘာဖြစ်နေတာလဲ ညီ '

' ဒီတိုင်း.....ပျင်းလို့ '

သူက သဘောကျစွာ ရယ်လိုက်သည်။

' ဘယ်လိုလဲ ကိုယ်နဲ့နေရတာ ပျင်းနေပြီ မဟုတ်လား '

မ...မဟုတ်ပါဘူး ဟု သူက တောင်းပန်သော အကြည့်ဖြင့် တောင်းပန်သည်။

သူ့ပုံစံလေးကိုကြည့်ရင်း သဘောကျစွာရယ်မိပြန်သည်။

မီးစိမ်းပြ၍ ကားကိုပြန်မောင်းလိုက်သည်။
သူက တစ်ဖက်ပြန်လှည့်သွားပြီး၊ ကားအတွင်း၌ ခေတ္တတိတ်ဆိတ်သွားသည်။ ခဏကြာမှ သူကစကားဆိုသည်။

' သည်နေ့တွေ့ခဲ့တဲ့ ကောင်မလေးချောလား ကိုမြတ်သူ '

သူကပြန်မဖြေပဲ ရယ်နေသည် ပြီးမှ ရယ်သံတစ်ဝက်နှင့် ဖြေသည်။

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Όπου ζουν οι ιστορίες. Ανακάλυψε τώρα