စာရေးသူ​၏ အမှာစာ

20K 657 70
                                    

*unicode

စ၊လယ်၊ဆုံး သည်းခံပြီး ဖတ်လာပေးတဲ့ စာဖတ်သူများကို တစ်ယောက်ချင်းဆီ ကျေးဇူးတင်ပါတယ်။

ဤဝတ္ထုတွင် ပါဝင်သော ဇာတ်ကောင်များနှင့် ဇာတ်လမ်းသဘောသည် မည်သည့် အဖွဲ့အစည်းကိုမှ ထိခိုက်၊နစ်နာလိုစိတ်ဖြင့် ရေးသားထားခြင်း မဟုတ်ပါ။ စာရေးသူသည် လူသားများနှင့် လူမှုအခွင့်အရေးကြားမှ ဖြစ်ပေါ်နေသော အကြောင်းအရာများကို အမှီပြု၍ လူငယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ကို စိတ်ကူးပုံဖော်ထားခြင်းဖြစ်သည်။ မေတ္တာဖွဲ့ဇာတ်လမ်းဖြစ်သည့်အတွက် ပေါ့ပေါ့ပါးပါးဖတ်ရန် အကြံပြုလိုသည်။

စာရေးတယ်ဆိုတာဟာ တကယ်တမ်းကျတော့ စာ
ပန်းချီခြယ်တာပါပဲ။ ဘာမှမရေးရသေးတဲ့ စာရွက်အလွတ်တစ်ခုပေါ်မှာ စကားလုံးလှလှလေးတွေနဲ့ စာစီပြီး ဇာတ်အိမ်တွေဖော်ကျတယ်၊ ဇာတ်ကောင်လေးတွေကို အသက်သွင်းကျတယ် ။ လွမ်းအောင်ရေးရင် လွမ်းကျတယ် ၊ ပျော်အောင်ရေးရင် ပျော်ကြတယ် ၊ဝမ်းနည်းစရာကောင်းအောင်ရေးရင်လည်း ဝမ်းနည်းရပြန်တယ် ။ သရုတ်ဖော် အရေးအသားတွေ လင်္ကာတွေ ကဗျာတွေနှင့် ထပ်မံပြီး စာတစ်ပုဒ်ကို အားဖြည့်ကျပြန်တယ် ။ ကျွန်တော်ဟာ သရုတ်ဖော် အရေးအသားဘက်ကို အားသန်ပါသည်။

ဆေးရုံတက်နေတဲ့ အချိန် ၊ ညတိုင်း မျက်လုံးလေးမှိတ်လိုက်တိုင်း သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေ ၊ စကားပြောပုံတွေက စိတ်ကူးထဲမှာမြင်လာတယ် ။ ဒီလိုနဲ့ပဲ ဒီစာလေးကို အစပြုရေးသားခဲ့တယ် ။ အရေးအသားကတော့ သဘာရင့်ဝါရင့်တွေနဲ့တော့ အပုံကြီးကွာတာပေါ့။ ဝါသနာအရ ရေးခြင်းပဲဖြစ်ပါသည်။ နဂိုကလည်း စာသိပ်ဖတ်တဲ့သူဖြစ်လို့လားမသိ၊ စာတစ်ပုဒ်ဖတ်ပြီးတိုင်း စိတ်ကူးယဉ်ကြည့်တယ် ။

ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ပြောဖူးတဲ့ စကားလေးအတိုင်း ဇာတ်ကောင်တွေ တကယ်အသက်ဝင်လာတဲ့အခါ ကိုယ်က ရေးနေတဲ့သူဆိုပေမယ့် သူတို့ အလိုကျ လိုက်ရတယ်တဲ့။တခါတလေ သူတို့နဲ့ အပြိုင် ငြင်းရ ခုန်ရတယ် ၊ ကိုယ်မနိုင်တော့တဲ့ အဆုံးမှပဲ သူတို့အလိုကျ လိုက်လျောရတာပေါ့ဗျာ။

အခုလည်း ဝတ္ထုတစ်ပုဒ်ကို အဆုံးသတ်ခဲ့ပြီ။ အားလုံးကို နှုတ်ဆက်ခဲ့ပြီ ။ ထွဋ်ကို နဲ့ ထက်ဘုန်းရှိန် တို့ အချစ်ခရီးလည်း ဖြောင့်ဖြူးခဲ့ပြီ။ ကျွန်တော်လည်း တာဝန်ကျေခဲ့ပြီ။

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Место, где живут истории. Откройте их для себя