ဆုံစည်းမှု

66.3K 1.9K 26
                                    

• Unicode •

နေမင်းကြီးက လောကကို အလင်းဆောင်ပြီ ။ အရုဏ် တက်ပြီဖြစ်ကြောင်းကို ပြတင်းတံခါးမှ ကျော်ဖြတ်လာသော အလင်းရောင်က သက်သေပြုနေသည်။

အိပ်ရာက ကမန်းကတန်းထ ၊ အိပ်ရာကို သေချာ သိမ်းကာ ရေမိုးချိုး၍ထွက်လာခဲ့သည်။
မနက်မိုးလင်း မျက်လုံးဖွင့်ကတည်းက လှုပ်ရှားနေရသည်မှာမနားရသေးပါ။ ဆေးရုံဝန်းထဲသို့ သူအပြေးဝင်ခဲ့ရသည်။

ဂျူတီနောက်ကျလျှင် စီနီယာများ၏ အအော်အဟောက်၊အဆူအဆဲကိုခံရဦးမည်။သြော် ညည်းမနေနဲ့ ထက်ဘုန်းရှိန် မင်းသိပ်ဖြစ်ချင်လွန်းတဲ့ ဘဝလေ ၊ ရွှေးပြီးမှတော့ ဆုံးအောင်လျှောက်ရတော့မှာပေါ့။

ကျွန်တော့်အချစ်တော် စစ်ဆေးရုံကြီးသည် သူ့အလှနှင့်သူတည်ငြိမ်ခန့်ညားနေသည်။ စစ်ယူနီဖောင်းများဖြင့်သွားလာနေသော ဆရာဝန်များကလည်း သူ့အလုပ်နှင့်သူ ပြေးလွှားနေသည်။

ဆေးရုံရှေ့ဆင်ဝင် သို့ရောက်ချေပြီ။ လက်ဆွဲအိတ်ကို သေချာဆွဲကာ ဆေးရုံထဲသို့ ခပ်မြန်မြန် ၀င်ခဲ့သည်။ ထို့နောက် မိမိ တို့နားနေခန်းရှိရာသို့ ဦးတည်ခဲ့သည်။

' မောနင်း ဗိုလ်ကြီး '

လှေကားထိပ်မှ စစ္စတာတစ်ယောက်က လှမ်း၍နှုတ်ဆက်သည်။

မောနင်း ဟုပြုံးပြကာ ကိုယ့်လမ်းကိုယ်ဆက်ခဲ့သည်။

ရောက်ချေပြီ။တံခါးကို ဆွဲဖွင့်ကာ ၀င်ခဲ့သည် ။
မင်းခန့်ကရောက်နှင့်နေပြီ။ကျွန်တော့်ကိုမြင်သည်နှင့် မင်းခန့်သည် ပြုံး၍နှုတ်ဆက်သည်။

' အေး ညီ မောနင်းကွာ '

' အကို ဒီနေ့ ဟိုအသစ်ရောက်တဲ့ အုပ်စုကို သွားကြည့်ရမှာနော် '

' ဟေ ...ဟုတ်လား '

ဟုတ်သားပဲ မနေ့က ဗိုလ်မှူးမှာခဲ့သေးတယ်။ ရှေ့တန်းက ဒဏ်ရာရလာ၍ ဆေးရုံသို့ရောက်လာသောအဖွဲ့ပဲ။ မေ့နေတာ။တော်သေးတယ် မင်းခန့်သတိပေးလို့။

' ကျေးဇူး ညီ ၊ ကိုယ်မေ့နေလို့၊ မနက်ပိုင်းမှာ တို့သွားကြည့်တာပေါ့ကွာ၊ ဒါနဲ့ စစ်နိုင်ရောတွေ့မိသလား '

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now