တစတစတိုးပွားလာသော သံယောဇဉ်

8.5K 641 3
                                    

(unicode)

ကံကြမ္မာ၏ မျက်နှာသာပေးမူနှင့်အတူ သူနဲ့ကျွန်တော် ပို၍ပို၍ရင်းနှီးလာပြီး မမြင်ရတဲ့ ရင်ထဲက သံယောဇဉ်မည်သော စိတ္တဇနာမ်၏ ဖုံးလွှမ်းမူကလည်း တစတစခိုင်မြဲလာသည်။

အချိန်တိုင်းသူ့ကိုတွေ့နေရသဖြင့် လောကကြီးက လှပနေသည်ဟုခံစားနေရပါသည်။
သူ့ရဲ့နွေးထွေးတဲ့ အပြုံးလေးတွေကြောင့် ချစ်ခြင်းဆိုသော အရသာ၊အထိအတွေ့နှင့် ကြင်နာမူတို့ကိုပါ တစ်ပါတည်းခံစားချင်လာသည်။
အချစ်ရှိမှ ဘဝရဲ့အဓိပ္ပာယ်ကြီးက ပြည့်စုံမည်မဟုတ်လား။

ချစ်ခြင်းက စစ်ပွဲတွေကို ငြိမ်းချမ်းစေတယ်။
လောကကြီးကို အလှဆင်နိုင်တယ်။ ဖူးငုံနေသော ပန်းလှလှလေးတွေကို ဝေဝေဆာဆာ ပွင့်လန်းစေတယ်။
အပြုံးကိုယ်စီနှင့် လှပတဲ့ဘဝကြီးကို ပေးစွမ်းစေသည်။
တစ်ဦးပေါ်တစ်ဦး ချစ်ခင်ကြင်နာမူရှိလျှင် လောကကြီးဟာချစ်စရာကောင်းနေမည်။

ညတိုင်းလိိုလို အမြဲတမ်း သူနှင့်တူတူ ဘုရားပေါ်သွားထိုင်ပြီး စကားတွေပြောကျသည်။တစ်ခါတစ်လေ သူ့အခန်းရှေ့သွားထိုင်ပြီး ဘာရယ်မဟုတ်သော စကားတွေအမြဲပြောတတ်ကျတယ်။

နေမကောင်းဖြစ်ချင်တိုင်းလည်း ပျာပျာသလဲ ဂရုစိုက်ပေးတက်သူလေး။ အစစအရာရာ လူကြီးလုပ်ပြီး ဆရာလုပ်ချင်တဲ့ ကျွန်တော့်ကလေးလေး ။ တစ်ရက်မတွေ့ရလျှင်ကို လွမ်းချင်သည်။ မတွေ့ရတာ တစ်ရက်ကျော်ပြီ ။

အကြောင်းရင်းကတော့ သူ့ညီမလေး စေ့စပ်ပွဲရှိသည့်အပြင် သူ့အဘိုးဆုံးသည့် နှစ်ပတ်လည်နေ့အတွက် ဆွမ်းကျွေးရှိသောကြောင့် သောကြာနေ့ကတည်းက အိမ်ပြန်သွားသည်။

နှစ်ယောက်ခန်းတစ်ခန်းထဲတွင် တစ်ယောက်တည်းပါ။
အခန်းဖော်လည်းတစ်ဖြစ်၊ စစ်တက္ကသိုလ် စတက်ကတည်းက အတူတူပေါင်းလာခဲ့သော သူငယ်ချင်း သတို့သားလောင်းလေးကလည်း စေ့စပ်ပွဲအတွက် ပြန်သွားသည်။

အင်း.......ညီနဲ့ ပြည့်စုံနဲ့က ယောက်ဖတော်သွားပြီပေါ့ ၊ နှမပေးယောက်ဖ ပေါ့။

အမှောင်ထုက အရာရာကိုကြီးစိုးနေသည်။
ကောင်းကင်ပေါ်က မိုးတိမ်တိုက်များကလည်း ပြိုကျတော့မလို ဟိန်းဟောက်နေသည်။
လျှပ်စီးတန်းကြီးကလည်း ၀င်းခနဲ၊၀င်းခနဲနှင့် မှောင်ထုကို ထိုးဖောက်၍ ထွက်လာသည်။

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Wo Geschichten leben. Entdecke jetzt