မဲဇလီပန်းတွေပွင့်ရာ မြေ

7.1K 583 8
                                    

•unicode

ဝိုင်းစက်နေသော ဖိုးလမင်းကြီးသည် အထက်ကောင်းကင်၌ ကြယ်များကို ခြွေရံပြီး အဖော်စုံစွာ အလင်းဆောင်နေသည်။

ညဉ့်လေပြည်အေးက ခနဲ့သဲ့သဲ့နှင့် ရောင်စုံမီးရောင်များ အောက်တွင် အထီးကျန်စွာ တစ်ယောက်သောသူ့ကို လွမ်းနေသော ကျွန်တော့်အား လှောင်ရယ်ပြုနေကြသည်။

လွမ်းပါသည် ။ လွမ်းပါသည်ဟုဆိုသော စကားလုံးထက် ပိုသော အသုံးအနှုန်းရှိပါက ယင်းစကားလုံးကို အဓိပ္ပါယ်ရှိရှိ သုံးလိုက်ချင်ပါသေးသည်။

အဝေးရောက်ချစ်သူ....၊အဝေးရပ်ကချစ်သူ ။ဘယ်နေရာ ဘယ်ဒေသမှာတောင် မသိရတဲ့ ဘဝရယ်ပါ ။

သြော် စစ်သားရဲ့ချစ်သူ ၊ စစ်သားရဲ့ချစ်သူ။ဘယ်ရောက်ဘယ်ပေါက်လို့ မှန်းလဲမသိ၊ဆက်သွယ်လဲ မရပါလား....။
လက်ထဲတွင် လင်းခနဲဖြစ်သွားသော ဖုန်းမျက်နှာပြင် ကြောင့် ၊ နှလုံးသားက လှိုက်ခနဲ ခုန်သွားသည်။

အကိိုများလား။နှေးတုံ့မနေပဲ လျှင်မြန်စွာ ကိုင်လိုက်တော့သည်။

' ဟဲလို '

' ကိုယ့်ရဲ့ အချစ်ဆုံးလေး နေကောင်းရဲ့လား ၊ ကိုယ့်ကိုရော သတိရသေးရရဲ့လား '

ဟုတ်ပါတယ်၊သူမှ သူ အစစ်ပါ ။
ပြန်မဖြေနိုင်ပဲ ခေတ္တဆွံ့အ နေသည်။ စကားလုံးတချို့သည် လည်ချောင်းဝတွင် ပိတ်ဆို့နေသည်။မျက်လုံးများမှာ ကျိန်းစပ်လာသည်။

' ပြန်မပြောတော့ဘူးလားကွ၊ ကိုယ်က သတိတွေရလို့ ဖုန်းဆက်တာကို '

' အကို ဘယ်မှာလဲ.... '

တုန်ရီနေသော အသံကို ထိန်းချုပ်ကာ ပြောလိုက်ရသည်။

' ကိုယ်လား....မဲဇလီပန်းတွေ လှိုင်အောင် ပွင့်နေတဲ့ အရပ်မှာ '

'ဪ....'

' ကိုယ့်အချစ်လေး ဘာလုပ်နေလဲ '

' ခြံထဲမှာထိုင်နေတာ.... လွမ်းလို့.....'

' ကိုယ့်ကိုလား '

' ဘယ်သူရှိသေးလို့လဲ '

' အင်းပါ....ကိုယ်လဲ သိပ်သတိရတာပဲကွာ၊ညီ ထမင်းစားပြီးပြီလား '

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now