သံသယစိတ်

8.7K 661 12
                                    

•unicode

' အမလေး .. '
အိမ်ရှေ့မှ ထွက်ပေါ်လာသော စူးရှသည့် အသံကြောင့် အိပ်ခန်းအတွင်းမှ အမြန်ဆုံးပြေးထွက်လာမိသည်။

အိမ်မကြီးတံခါးဝဝယ် လူစုံတက်စုံရောက်နှင့်နေပြီ ။

အော်ခေါ်သူကား မေနွယ်ပေ။
နောက်ဆုံးတွင်ရပ်ကြည့်နေသော ညီမလေးအား လှမ်း၍ မေးကြည့်လိုက်သည်။

' ဘာဖြစ်လို့တုန်း '

မိဆုက ရှေ့သို့ လက်ညိုးထိုး၍ ညွှန်ပြသည်။
သူ့လက်ညိုး ဦးတည်ရာကို လှမ်းကြည့်လိုက်တော့ ပုဆိုးစနက်ပြာရောင်ပေါ်တွင် ပလက်ယာ၊ကွင်း၊ဂွ ဆိုဒ်မျိုးစုံနှင့် ဓားမြောင်တစ်ချောင်းကို တွေ့လိုက်ရသည်။

' သေချာပြီ ညက အိမ်ကိုသူခိုးကပ်တယ် '

မေမေက အတည်ကောက်ချက်ချလိုက်သည်။

' ဒီလောက်ပစ္စည်းတွေစုံနေတာ သူခိုးတော့မဖြစ်နိုင်ဘူး၊ဆိုင်ဖွင့်စားလို့ရတယ် '

လေးလေးကျော်က ရယ်၍ပြောလိုက်သည်။
ဆုဆုနှင့်ကျွန်တော် သဘောကျစွာရယ်မိသည်။

' အမလေး ရယ်တယ်တော့၊ ဒီမှာ ရယ်မနေကျနဲ့ ဒီနေ့ အိမ်ကို စီစီတီဗွီ ကင်မရာတပ်ဖို့ပြင်တော့ အငယ်ကောင် '

' ဟုတ်ကဲ့ပါ မမရယ်၊ အခုတော့ ဒီပစ္စည်းတွေ ကိုသိမ်းလိုက်ဦးမယ်...'

' နေဦး နေဦး ၊ ဒီပစ္စည်းတွေကို အရင်ဓာတ်ပုံရိုက်ဦး ပြီးမှသိမ်း၊ အဲဒါမှ ရဲစခန်းသွားတိုင်ရင် သက်သေပြလို့ရမှာ '

မေမေ့ပြောသမျှကို အကုန်လိုက်လုပ်ပေးနေသော လေးလေးကျော်ကို လေးစားမိသည်။
အမစကားကို ရိုရိုသေသေ နားထောင်သားပဲ။

' သူခိုးကွာ၊ငါတို့ကို အိပ်ရေးပျက်အောင်ကို လုပ်တယ် '

' သားကြီး နိုးသွားတာလား၊ သွားပြန်အိပ်လေ ၊မနက်စာစားခါနီးမှ မေနွယ်လာနိုးမယ် '

အလိုက်သိတက်သောမေနွယ့် ခါးကိုဖက်ပြီးမှီလိုက်သည်။

မေမေကတော့ ပြုံး၍ကြည့်နေသည်။

' ကြည့်ပါဦး အဒေါ်ကို ကပ်ချွဲနေတာ အသက်ကကြီးနေပြီ မရှက်ဘူးလား ၊ ငါသားရဲ့ '

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now