ချစ်မိပြီ

8.8K 709 4
                                    

•unicode

တကယ့်အဖြစ်အပျက်သည် စိတ်ကူးယဉ်ဆန်သော ၀တ္တုများထက် ဆန်းပြားသည်။ကံကြမ္မာကသူနဲ့ နီးစပ်ရေးအတွက် အကြောင်းဖန်ပေးသဖြင့် ၀မ်းတော့သာမိသည်။တစ်ဖက်သတ်ဆိုလည်း တစ်ဖက်သတ်ပေါ့ ၊ သူ့ဘေးနားမှာ နေခွင့်ပေးတာကိုပဲ ကျေးဇူးတင်ပါသည်။

တကယ်ဆို သတင်းပို့ရမည့်ရက်က ၃၊၄ရက်လောက် လိုပါသေးသည်။ သို့သော် သူကိုတွေ့ချင်စိတ်တို့ကြောင့် လေးလေးတို့အပေါ် မလိမ်စဖူး လိမ်ခဲ့မိသည်။
လိမ်ပြောတာရယ်တော့မဟုတ်ပါ။

နေရာအသစ်မှာ နေသားကျဖို့လိုသေးသည်မဟုတ်လား။
ကိုယ့်ဘက်က စောစောရောက်နေတော့ ပိုမကောင်းဘူးလား။ တပ်ရင်းမှူးဆီ သတင်းပို့ပြီး ပြန်လာခဲ့သည်။

အဘဟု ခေါ်သော တပ်ရင်းမှူးက သဘောကောင်းပါသည်။
တပ်ထဲမှာ ဆေးဗိုလ်ဆိုလို့ လက်ရချိုးရေ၍ရသည်။

ခြေလျင်တပ်ဖြစ်၍ ရှေ့တန်းထွက်ရတာများသည်။
တပ်ရင်းမှူးကို သတင်းပို့ပြီး တပ်ဆေးခန်းသို့ပြန်လာခဲ့သည်။ ဆေးရုံကလိုတော့ အလုပ်မရှုပ် တစ်နေ့နေလို့ ဆေးခန်းလာပြတဲ့ သူဆိုလို့ ဆယ်ယောက်မပြည့်ပေ။ သက်သက်သာသာတော့ ရှိသည်။

လူနာမရှိလျှင် အဆောင်ပြန်နားလို့ရသည်။
သို့ပေမယ့် မိမိရောက်တာမှ တစ်ရက်မပြည့်သေးပေ။ထို့ကြောင့် ချက်ချင်းပြန်နားလို့ မသင့်တော်ပေ။စီနီယာအကိုကတော့ ပြန်နားလေလို့ပြောရှာပါသည်။
သို့သော် မကောင်းပါ။

ရောက်ကတည်းက တွေ့လိုတွေ့ငြား ရှာသော်လည်း မတွေ့ပါ ။ဖုန်းဆက်တော့လည်း မကိုင်ပါ။ ဘယ်ရောက်နေလည်းတော့ မပြောတက်။

သည်တပ်ရောက်လျှင် မိမိကို ဦးစွာဆီးကြိုနေမည့်သူ ရှိသည်ဟု အတွေးနှင့်လာခဲ့တာပါ။ ရောက်တော့ တလွဲတွေပါ။ ဆန္ဒနဲ့ ဘဝဟာ လက်တွေ့မှာဘယ်တော့မှ ထပ်တူမကျပါ။

စားပွဲမှာထိုင်ရင်း တွေးနေရာမှာ ဆေးခန်းဝတွင် ဆိုင်ကယ်သံကြား၍ သူများလားဟု ရင်ခုန်မိသည်။
ဆေးခန်းထဲသို့ ၀င်လာသံကို ကြားနေရပါသည်။
စိတ်ထဲမှာတော့ သူပဲဟုတထစ်ချထွေးကာ ပြုံးနေမိသည်။
မော့ကြည့်မိတော့မှ ကိုယ့်ကိုကိုယ် ရယ်ချင်မိသွားသည်။

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Tempat cerita menjadi hidup. Temukan sekarang