ကနဦးပျော်ရွှင်မှုလေးများ

6.4K 562 6
                                    

•unicode

ကားဘီးကလေးသည် တရွေ့ရွေ့နှင့် ရွေ့လျားလာခဲ့သည်။ ဇိမ်ခံကားတံဆိပ်မဟုတ်ပေမယ့် မိမိအား သက်တောင့်သက်သာရှိစေသော ဤကားလေးကို သူနှစ်သက်သည်။ စက်သံကလည်း ခပ်ညက်ညက်ကလေးနှင့် ။

အဆောင်ဘေးရှိအပင်ကြီးအောက်တွင် ကားကိုရပ်လိုက်သည်။ ပြီးမှ ကားတံခါးကို ခပ်ဖွဖွလေး ဖွင့်ပြီးဆင်းလာလိုက်သည်။ မတ်တူးနက်ပြာရောင်ကားကလေးဖြစ်၍ သူပိုသဘောကျသည်။

ကားပတ်ပတ်လည်ကို ပတ်ကြည့်ပြီး နှစ်သက်စွာ သူပြုံးလိုက်သည်။ ကားပေါလစ်တင်ထားသဖြင့် ကားလေးသည် နေရောင်နှင့်တကွ တောက်ပြောင်နေသည်။ ဖုန်တစက်မရှိ ။

' ကောင်းလှချည်လား ၊ ငါ့အကိုဘောစိကတော့ ကားအသစ်နဲ့ မိုက်နေရောပဲ '

ကားကိုပဲ အာရုံရောက်နေသောကြောင့် ဘေးတွင်ထက်ဘုန်းရှိန် ရောက်နေသည်ကို သတိမပြုမိပေ။

' မဘောစိပါဘူးကွာ ၊ တက်နိုင်သလောက်လေးပေါ့ '

' ကိုမြတ်သူကမှ ညည်းပြနေရင် ၊ ကျွန်တော်တို့က ဘယ်လိုနေရမလဲ '

' အေးပါကွာ......၊ သူဌေးလေးက ဆင်းရဲသားယောင်ဆောင်နေတော့လည်း ကိုယ်ကပဲ အရှုံးပေးရတာပေါ့ '

သူရယ်သည်။ သူသည်နေ့ တက်ကြွနေသည်။ အရင်လို ထိုင်းထိုင်းမှိုင်းမှိုင်းမဟုတ် ။ မျက်လုံးများမှာလည်း အရောင်တောက်ပနေသည်။ စွပ်ကျယ်လက်ပြတ်၊အားကစားဘောင်းဘီ အတိုလေးနှင့် ကားကိုကြည့်နေသည်။ နေရောင်ခြည်၏ ဖေးမမှုနှင့်အတူ နဂိုဖြူသော အသားလေးများက ဖွေးပြီး လည်တိုင်လေးက သန့်သန့်လေးနှင့် နီရဲနေသည်။လက်ဖျား ခြေဖျားလေးတွေကလည်း ဖြူဖြူရှင်းရှင်းလေးနှင့် လက်ဖနောင့်လေးတွေက ရဲရဲလေးဖြစ်နေသည်။

သူ့ကို ခေါင်းအစခြေအဆုံး ကျွန်တော် လက်ပိုက်၍ကြည့်နေမိပါသည်။ သူ့ပုံစံကိုကြည့်ပြီး အမှန်တိုင်း ဝန်ခံရကြေးဆိုလျှင် သူဟာချစ်ဖို့အလွန်ကောင်းပါသည်။

ကျွန်တော်သူ့ကို ချစ်ပါသည်။ ဘယ်လို ခံစားချက်မျိုးနှင့် ချစ်တာလဲ ဆိုပြီးမေးလာခဲ့လျှင်တော့ ကျွန်တော့်အတွက် လောလောဆယ် ဖြေရန်အကြံမရှိသေးပါ ။

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now