ရင်ခုန်မိသော

13.2K 971 17
                                    

*unicode

ပြတင်းတံခါးဆီမှ ဂိမှာန်ရဲ့လေပြည်တို့က အဟန့်အတားမရှိ ၀င်ရောက်နေသည်။ ကောင်းကင်ကြီးသည်လည်း ရွှေရောင်လိုလို၊လိမ္မော်ရောင်လိိုလို ရောင်ဝါများ ပျို့ပျို့ကလေး ဖြာကျနေသည်။ နေမင်းကြီးက လောကကိုအလင်းဆောင်တော့မည်။ နွေကုန်လို့ မိုးပင်ကူးတော့ပေမည်။ ရာသီတွေ တစ်ခုပြီးတစ်ခုပြောင်းခဲ့ပေမယ့် မပြောင်းလဲတာတော့ မိမိပါ။

ထားရာနေစေရာသွား တပ်မတော်သားဘဝနှင့်လှမ်းလျှောက်ရမည့် ဘဝခရီးလမ်းက ကျန်သေးသည်။
ထူးထူးခြားခြား ပြောင်းလဲမူတစ်ခုကိုတော့ မြင်မိသည်။ ထိုပြောင်းလဲမူကိုလည်း လက်ခံနိုင်သည်။ ဘယ်ဘက်ရင်အုံအောက်က နိမ့်ချည်မြင့်ချည် စည်းချက်မမှန်တော့သည့် အရာငယ်။ထိုအစိတ်အပိုင်းငယ်သည် အဘယ်ကြောင့် ပြောင်းလဲခဲ့ရသနည်း။

အမေးရှိလျှင် အဖြေရှိရသည်။
သည့်အတွက် အဖြေကလည်း အဆင်သင့်ရှိပြီးသားပါ။
သူ့ကို မြင်ရလျှင် နွေးထွေးသည်။ သူ့မျက်နှာလေးသည် အေးချမ်းသည်။ ပြုံးလိုက်တိုင်းမှာ ပါးပေါ်က အချိုင့်ငယ်လေးက ဆွဲဆောင်မူရှိသည်။ ကလေးတစ်ယောက်လို ဖြူစင်မူများရှိသည်။ ရဲဝံ့မူလည်းရှိသည်။

သူ့ကို အမြဲတွေ့ချင်သည်။ တစ်ကိုယ်တည်းသမားဖြစ်၍ ညီလေးတစ်ယောက်လို သံယောဇဉ် ဖြစ်မိတာပေလား၊ သို့မဟုတ် ချစ်မိသွားတာလား။ ဝေခွဲ၍မရပါ။

အချစ်ဆိုသည့် အရာကို သိပ်လက်မခံချင်ပါ။ မဖြစ်သင့်ဘူးဆိုသည့် အတွေးက အလိုလိုဖုံးကွယ်သွားသည်။
အပြစ်ကင်းစင်တဲ့ ကလေးငယ်တစ်ယောက်ကို မချစ်မိစမ်းပါနဲ့ ထွဋ်ကိုရယ်ဟု ဦးနှောက်ကအချက်ပြနေသည်။ မဖြစ်နိုင်သည့် အကြောင်းအရာတွေရှိသေးသည် မဟုတ်ပေလော။

မနက်ခင်းသည် တွေးရင်းငေးရင်းနှင့် ရှုပ်ထွေးစရာတွေ ပေါ်လာသောကြောင့် သက်ပြင်းတစ်ခုကို ချမိလိုက်သည်။

မြင်လိုက်ရပါပြီ မနက်ခင်းကိုနွေးထွေးစေသော မျက်နှာကလေးတစ်ခုနှင့် ပြုံးကာအခန်းထဲသို့ ၀င်လာနေသည်။

' အကို ဆရာကြီးက အကို့ကို ဆေးရုံဆင်းခွင့်ပေးလိုက်ပြီ၊ မနက်ဖြန်ဆို အကို ဆေးရုံဆင်းလို့ရပြီ'

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now