"ခုနှစ်က ၁၈၉၅၊အချိန်က ၂:၃၀။ ပြီးပြီမလား ?
ငါသွားပြီ။"

နားထဲကြားလိုက်ရတဲ့ တံခါးပိတ်သံနှင့်အတူ Kyung Soo ကုတင်ပေါ်ကို ထိုင်ချလိုက်မိသည်။ သူ့ခေါင်းထဲမှာ ဂဏန်းအရေအတွက်တွေ ပြေးလွှားနေသည်။

"နှစ်ပေါင်း ၁၂၀.."

Kyung Soo ကရေရွတ်လိုက်မိသည်။ ထို့နောက် သက်ပြင်းသာ တွင်တွင် ချမိလေတော့သည်။
~^~^~^~^~
"Kyung Soo ah,ပြင်ဆင်ပြီးပြီလား ?"

ထုံးစံအတိုင်း Suho ကအိမ်ထဲဝင်လာတာနှင့် Kyung Soo ကိုအော်ကာမေးသည်။

"အင်း.."

"ဟင် ? ဘာမှ မပြောင်းလဲ သလိုပဲ။"

"ကျွန်တော့် မှာ လဲဝတ်စရာ အင်္ကျီမှမရှိတာ.."

Kyung Soo စိတ်ပျက်လက်ပျက်ပြောတော့ Suho က အားနာဟန်ပြသည်။

"ဆောရီး ဆောရီး ငါမေ့သွားလို့။"

Kyung Soo ဘာမှ ပြန်မပြောမိ။..

"ပြီးတော့ ကျွန်တော် ကျွန်တော်လို့ မပြောစမ်းပါနဲ့ကွာ။ ငါတို့က အသက်တူတူပဲ။"
"အော် အေး.. အေးပါ။"
"အခု လိုက်ခဲ့။ လာ။"

ပြောရင်း Suho က သူ့လက်ကိုဆွဲကာ အခန်းတစ်ခုထဲကို ဝင်သွားသည်။ သူကတော့ Suho ဆွဲခေါ်ရာ နောက်သို့ တိတ်တဆိတ်ပဲ လိုက်သွားမိသည်။
~^~^~^~^~
"အားး။ အဲ့အင်္ကျီပဲ ! မင်းအဲ့ဒါဝတ်ရမယ်.."

တော်တော်ကြာအောင် အင်္ကျီတွေ မွှေနှောက်ရှာဖွေပြီးမှ Suho ဆီက အသံတသံထွက်လာသည်။ ဝတ်ထားရတဲ့ ကလေးဆန်ဆန် အင်္ကျီအဝါရောင်နှင့် ပန်းရောင် ဘောင်းဘီကြောင့် Kyung Soo ပုံစံက သိပ်ကို အရောင်တောက်ပလွန်းနေသည်။ ဒီဝတ်စုံကို Kyung Soo သဘောမကျ။

"မင်းမှာ အမည်းရောင် အင်္ကျီတို့ ဘောင်းဘီတို့မရှိဖူးလား ?"

"အင်း.. တစုံတော့ရှိတယ်။"

"အဲ့ဒါလေးငါ့ကို ငှားပါလား ?"

"အင်း.."

Suho ကဘီရိုတံခါးကို ဆယ်ခေါက်မြောက်ပြန်ဖွင့်ပြီး ဟိုးဘက် အစွန်ဆုံးမှာ ရှိတဲ့ အမည်းရောင် ဝမ်းဆက် လေးကို သူ့ကိုထုတ်ပေးသည်။ Kyung Soo အမြန်လဲဝတ်လိုက်ပြီး ရေချိုးခန်းထဲက မှန်ရှေ့မှာ ကိုယ့်ကိုယ်ကို ကြည့်ရင်း..

Time Travel Where stories live. Discover now