အတူတူဖက်အိပ်ကြတဲ့ထယ်ယောင်းနဲ့ဂျောင်ကုက
နောက်တစ်နေ့မှာတော့ကြောက်ကြောက်လန့်လန့်နဲ့
စာသင်လာတဲ့အချိန်ပိုင်းဆရာကိုတွေ့ရပြီ~

"ဆရာလေး နေမကောင်းဘူးလား~"

"ကောင်း...ကောင်းပါတယ်~"

"ကြည့်ရတာဖြူဖတ်ဖြူရော်နဲ့မို့နေမကောင်းဘူးထင်နေတာ
အခုနေကောင်းတယ်ဆိုတော့ မောင့်ကိုကရုစိုက်ပေးပါဦးနော်~"

"ဟုတ်..ဟုတ်ကဲ့ပါ~"

ဂျောင်ကုကဘာမှမဖြစ်ခဲ့သလိုပြောဆိုဆက်ဆံနေဘေမဲ့
အချိန်ပိုင်းဆရာလေးကတော့ သေမတတ်ကြောက်လန့်နေတာမို့ ထယ်ယောင်းသတိထားမိသွားတော့တာပေါ့~

*ကိုကိုလဲငါ့ကိုသဝန်တိုသားဘဲ ဒါဘေမဲ့မသိသာဘူး~*

"ဆရာဘာကိုကြောက်နေတာလဲ
ကျွန်တော့်ကိုပြောလေ~"

"ဘာ..ဘာကိုမှမကြောက်ပါဘူး~"

"ဟုတ်လို့လား လက်တွေကအေးစက်နေတာဘဲ~"

"မောင်!...လိုက်လာခဲ့~"

အချိန်ပိုင်းဆရာရဲ့လက်ကိုသွားကိုင်တဲ့ထယ်ယောင်း
ဂျောင်ကုခေါ်ဆောင်ရာကိုလိုက်သွားဘေမဲ့
လူကပြုံးပြုံးကြီး~

"ကိုကို ဘာပြောမလို့လဲပြောလေ~"

"အရမ်းပျော်နေလား~"

"ဟင်??"

"အဲ့ဆရာရဲ့လက်ကိုကိုင်လိုက်ရလို့ အရမ်းပျော်နေလားလို့~"

"ပျော်တယ်ရယ်လို့လဲမဟုတ်ပါဘူး သူ့ရဲ့လက်ကလေးက
ကိုင်ရတာတစ်မျိုးလေးဘဲ~"

"မောင်!"

"အား!..ကိုကို~"

ဆံပင်တွေကိုဆောင့်ဆွဲခံလိုက်ရတဲ့ထယ်ယောင်းတစ်ယောက်တော်တော်လေးအထိနာသွားတာမို့
ဆက်မစတော့ဘဲဂျောင်ကုခါးကိုဖက်ကာ
လည်တိုင်မှာမျက်နှာအပ်ထားလေရဲ့~

"သွား~ဟိုဆရာကောင်ဆီသွား
ကိုကို့ကိုလာမထိနဲ့~"

"ဘာလို့သွားရမှာလဲ ကိုကို့ကိုဘဲချစ်တာပါဆို~"

"လာမချစ်နဲ့~"

"ကိုကိုသဝန်တိုတာလေးကချစ်စရာလေး~"

~~Lucky~~{Complete}Where stories live. Discover now