ထယ်ယောင်းရင်ခွင်ထဲအိပ်ရတဲ့နေ့ကစပြီး
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ကာ မနက်မိုးကျဲကျဲလင်းမှ
အိပ်ယာထဖြစ်နေတဲ့ဂျောင်ကု~
"အင်း~~မောင်~"
".........."
"မောင်~"
သူခေါ်တာကိုမထူးခဲ့လို့မျက်လုံးသေချာဖွင့်ကြည့်တဲ့ဂျောင်ကုကထယ်ယောင်းကိုမတွေ့လို့ အိပ်ယာထကာ
သူ့ရဲ့တိုက်ခန်းအနှံ့နဲ့ ခေါင်မိုးထပ်တွေပေါ်ရှာကြည့်ဘေမဲ့
လုံးဝမတွေ့~
"ဘယ်များသွားနေတာလဲ စားစရာလဲအပြည့်ရှိတာကို
မဟုတ်မှ ငါ့ကိုများထားခဲ့ပြီလား~"
အချစ်နဲ့ပတ်သက်လာရင်ထိရှလွယ်တဲ့ဂျောင်ကုက
မျက်ရည်ကအရင်ကျလာပြီး
ရပ်နေရာကနေမရွှေ့တော့~
*မောင်သာငါ့ကိုထားခဲ့ရင် ငါကိုယ့်ကိုယ်ကိုယ်သတ်သေပစ်မှာ~*
"ပြန်ရောက်ပါပြီ~"
"မောင်~"
"အော် နိုးနေပြီ..အင့်~"
တိုက်ခန်းထဲဝင်လာတဲ့ထယ်ယောင်းကိုမြင်တာနဲ့
ပြေးဖက်တဲ့ဂျောင်ကုက အားချင်းသာမျှရင်
ထယ်ယောင်းပြားသွားလောက်ပြီ~
"ကိုကိုဘာဖြစ်လို့လဲ ဘယ်နားကနာလို့လဲ~"
"ကိုကို့ကိုထားခဲ့ပြီထင်တာ..ဟင့်~"
"မောင်က စောစောနိုးနေလို့ ဟိုနားဒီနားပြေးနေတာပါကိုကိုရဲ့~"
"ဟင့်...အီးးဟီးးး~"
"ကိုကို?...မောင်တောင်းပန်ပါတယ် နောက်ဆို
ကိုကို့အနားကနေတစ်စက္ကန့်လေးမှထွက်မသွားတော့ပါဘူး~"
"တစ်ယောက်တည်းမထားခဲ့နဲ့...ဟင့်~"
"မထားခဲ့တော့ဘူး မောင်မှားသွားပါတယ်
မငိုနဲ့တော့နော်ကိုကို~"
ဂျောင်ကုရဲ့သန်မာနေတဲ့ပုံစံထက်
အခုလိုအားနည်းနေတဲ့ပုံစံကိုပိုကြိုက်တဲ့ထယ်ယောင်းက
ဂျောင်ကုဆီကအားကိုးတာကိုခံချင်တာလေ~
"ကိုကိုမျက်နှာသစ်လိုက်ဦးမယ်~"
"ဟုတ်~မောင်လိုက်ပို့ရမလား~"
"ရတယ် ကိုကိုကိုယ့်ဟာကိုယ်သွားတတ်တယ်~"
သူ့ထက်ဆယ်နှစ်ငယ်တဲ့ချစ်သူလေးရဲ့ရင်ခွင်ထဲ
စိတ်ကြိုက်ရှိုက်ငိုပြီးနောက် မျက်နှာသွားသစ်တဲ့ဂျောင်ကုက
ရှက်လိုက်တာဆိုတာပြောမပြနိုင်အောင်~
YOU ARE READING
~~Lucky~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
