💜20💜

2.5K 183 117
                                        

ထယ်ယောင်းနဲ့ဂျောင်ကုတို့နှစ်ယောက်
kimအိမ်တော်ကြီးမှာပုန်းခိုနေရာကနေ
အိမ်ကြီးကိုသန့်ရှင်းကြတော့ အိမ်ကနည်းနည်းလောက်ပြုပြင်မွန်းမံလိုက်ရင် တော်တော်လေးကောင်းသွားမယ့်အနေအထား~

"မောင်~ကိုကိုလေ ညကအိပ်မက်မက်တယ်~"

"ဟုတ်လား ဘာအိပ်မက်လဲ~"

"ဒီအိမ်ကြီးမှာနေခဲ့တဲ့အိမ်အကူတွေကိုမက်တာ
သူတို့တွေအားလုံးက သူတို့တာဝန်ကျတဲ့
အိမ်ရဲ့နေရာတိုင်းမှာအလုပ်လုပ်နေကြတာ~"

"ဟင်?"

"ရုပ်တွေကတော့ တော်တော်လေးပျက်စီးနေတယ်
ကိုကို့အထင် သေသွားတဲ့အိမ်အကူတွေမကျွတ်သေးတာလားမသိဘူး~"

"ဟုတ်ရင်ဟုတ်မှာပေါ့ သူတို့ကအပိုင်ဝယ်ထားတဲ့အိမ်စေတွေဆိုတော့ သူတို့ပိုင်ရှင်ကမလွတ်ပေးမချင်း ဘယ်မှသွားလို့မရဘူး~"

"သနားပါတယ် အခုမောင်ကအိမ်ရှင်ဖြစ်နေပြီဆိုတော့
သူတို့ကိုလွတ်လပ်ခွင့်ပေးလိုက်တော့လေ~"

"ဒီအိမ်ကိုပြုပြင်ပြီးမှ အေးအေးဆေးဆေးလုပ်ရမှာ
Appaနဲ့Ommaအတွက်ပါကောင်းမှုကုသိုလ်လုပ်ပေးရမယ်~"

"ကောင်းသားဘဲ~"

ထယ်ယောင်းနဲ့ဂျောင်ကုကခိုးလာတဲ့ကားလေးနဲ့
ဖုန်းသွားဝယ် သွားတိုက်ဆေးသွားတိုက်တံရေချိုးဆပ်ပြာတွေပါဝယ်ထားပြီး အိမ်ထဲမှာဘဲနေကြတယ် ဗိုက်ဆာရင်
ဖုန်းဆက်ပြီးစားစရာဝယ်တယ်။

"ကိုကို~"

"ဗိုက်ဆာပြီလား မှာထားတာတွေရောက်လာတော့မှာပါ~"

"မဟုတ်ဘူး မေးစရာရှိလို့~"

"မေးလေမောင်ရဲ့~"

"ကိုကို ဟိုဘိုးတော်ကြီးကိုဘာလို့မသတ်တာလဲ
ကိုကိုလဲခေတဲ့သူမဟုတ်ပါဘူး~"

"မသတ်သေးတာမဟုတ်ဘူးမောင်ရဲ့ သတ်ဖို့အခွင့်မသာသေးတာ ပြီးတော့သူကဝန်ကြီးဖြစ်နေပြီမို့လို့ ပိုလို့ခက်ခဲနေတာ~"

"သူကိုကို့ကိုခေါ်နေတာ သူနဲ့အိပ်ဖို့မဟုတ်လား~"

"ဟူးး...ဟုတ်တယ် ကိုကိုကငြင်းတော့ မောင်နဲ့အကျပ်ကိုင်လာတယ်လေ~"

~~Lucky~~{Complete}Onde histórias criam vida. Descubra agora