ထယ်ယောင်းတစ်ယောက် ထောင်ကထွက်လာပြီးကတည်းက
ဂျောင်ကုနဲ့ဘဲနေ ဂျောင်ကုဆီကဘဲစားနဲ့
အမွေစာချုပ်ကြီးလာလာပြနေရတဲ့Mr.kimရဲ့ရှေ့နေမှာလဲအလုပ်ကိုရှုပ်လို့~
"ဘာလို့အမြဲတမ်းငြင်းနေတာလဲမောင်
မောင့်အဖေကမောင့်ကိုပေးခဲ့တာလေ~"
"သူပေးခဲ့တာမို့လို့မယူချင်တာ~"
"မောင်ရယ် မောင့်အဖေကမောင့်ကိုချစ်လွန်းလို့ပေးခဲ့တာလေ
ဆုံးပါးသွားတဲ့သူစိတ်အေးအောင်လက်ခံလိုက်ပါ~"
"မယူဘူး ကိုကိုပိုက်ဆံလိုရင်မောင်အလုပ်လုပ်ပြီးရှာပေးမယ်~"
"အဲ့လိုသဘောနဲ့ပြောတာမဟုတ်ပါဘူး
ကိုကို့မှာအကြံတစ်ခုရှိတယ်~"
"ဘာအကြံလဲ~"
"မောင်တို့မိသားစုရဲ့အိမ်ကို
ပြုပြင်ပြီးမိဘမဲ့ဂေဟာလုပ်လိုက်ရအောင်လေ
မောင်ရတဲ့အမွေတွေကိုမောင့်အတွက်မသုံးဘဲ မိဘမဲ့ကလေးတွေအတွက်သုံးလိုက်တော့ မောင်လဲကုသိုလ်ရတယ်
ဆုံးပါးသွားတဲ့သခင်ကြီးနဲ့သခင်မကြီးတို့လဲကုသိုလ်ရတာပေါ့ မဟုတ်ဘူးလား~"
ဂျောင်ကုစကားကိုထယ်ယောင်းက
သေသေချာချာစဥ်းစားပြီးနောက် ဂျောင်ကုအကြံကို
လက်ခံကာ အမွေတွေကိုလွဲပြောင်းယူလိုက်တယ်။
"မောင်ရေ အသီးတွေစားဦး~"
"ဒီဇာတ်လမ်းတွဲကကိုကိုကြည့်နေကျလား~"
"ဟုတ်တယ် ရသစုံအောင်ပါတဲ့ဇာတ်လမ်းတွဲမို့ကြည့်ဖြစ်နေတာ~"
ဂျောင်ကုကြည့်တဲ့ဇာတ်လမ်းတွဲကို
ထယ်ယောင်းကြည့်နေတော့ ဂျောင်ကုက
အသီးတွေအခွံခွာပေးနေသေးတာ~
"ရပြီကိုကို အများကြီးမခွာနဲ့တော့~"
"Ok~"
~~Ring~~Ring~~
"ကျစ်!...ဒီဝက်အိုကြီးကတော့~"
နောက်ဆုံးဖုန်းခေါ်ပြီးတစ်ပတ်အကြာ
ဖုန်းပြန်ခေါ်လာတဲ့ဘိုးတော်ကြောင့်
ထယ်ယောင်းပန်းသီးစားရင်းtvကြည့်နေတုန်း
ဂျောင်ကုကစိတ်တိုတိုနဲ့ဖုန်းကိုင်ကာဝရန်တာဘက်သွားရတယ်။
"ထပ်မဆက်ဖို့ပြောထားတယ်လေ ခဗျားလူစကားနားမလည်ဘူးလား~"
"ကောင်လေးကအချောလေးဘဲ~"
ESTÁS LEYENDO
~~Lucky~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
