ဂျောင်ကုဟာ Mr.kimရဲ့အိမ်ကြီးမှာ
Mrs.kimအတွက်ခြေသုတ်ပုဝါကိုင်ပေး
ကြမ်းတိုက် ပန်းကန်ရေသုတ် စတဲ့အလုပ်တွေကို
နေ့စဥ်နဲ့အမျှလုပ်ရင်း သူသိခဲ့တာက အိမ်တော်ကစည်းကမ်းကြီးတယ်ဆိုတာဘဲ~
အိမ်စေတွေအကုန်လုံးက အပိုင်ကျွန်တွေဖြစ်တာကြောင့်
တစ်ခုခုအမှားလုပ်မိရင် လုပ်မိတဲ့အမှားပေါ်မူတည်ပြီး
ကြိမ်ဒဏ် ကြာပွတ်ဒဏ် သေဒဏ်အထိပေးခံကြရတယ်။
သူတောင် ပန်းကန်ရေသုတ်ရင်း ပန်းကန်တစ်ချပ်ကျကွဲသွားလို့ ကြိမ်ဒဏ်ပေးခံရသေး~
*ငါ ဒီအိမ်ကိုရောက်တာသုံးလရှိပြီလို့သခင်ကြီးကပြောတယ်
အဓိပ္ပာယ်က သခင်မကြီးကလေးမရသေးဘူးဆိုတဲ့အဓိပ္ပါယ်ဘဲ~*
Mr.kimကခက်ထန်သလောက် Mrs.kimက
စိတ်ထားကောင်းပြီး ဂျောင်ကုကို
အရမ်းသဘောကျတာမို့Mr.kimမရှိချိန်တိုင်း
ခြံထဲခေါ်မုန့်ကျွေးလေ့ရှိတယ်။
"မုန့်က စားလို့ကောင်းရဲ့လား~"
"ဟုတ် စားကောင်းတယ်သခင်မကြီး~"
"ဒါဆိုများများစား~"
"ဟိုလေ~သခင်မကြီး ကလေးမရသေးဘူးလားဟင်~"
"ဟင်း~~ကြိုးစားနေပါတယ်~"
"ကလေးမရရင် သားကအသတ်ခံရမယ်လို့သခင်ကြီးကပြောတယ်~"
"အန်တီတို့မိုးနတ်မင်းကြီးဆီမှာ အတူတူဆုတောင်းကြရအောင်လေ ကလေးမြန်မြန်ရဖို့~"
"အွန်း ဆုတောင်းကြမယ်~"
အိမ်ကြီးရှင်မနဲ့ အိမ်စေကလေးတို့ မြေကြီးပေါ်
ဒူးထောက်ထိုင်ကာ လက်အုပ်ချီပြီး ကောင်းကင်ပေါ်
မျက်နှာမော့ရင် ဆုတောင်းနေကြပုံက မြင်ရသူအဖို့စိတ်မကောင်းစရာ~
*အရှင်မိုးနတ်မင်းကြီး သနားစရာကောင်းတဲ့ဒီကလေးကို
ဘေးအန္တာရယ်အပေါင်းမှကာကွယ်စောင့်ရှောက်ပေးပါ~*
*မိုးနတ်မင်းကြီး သဘောကောင်းတဲ့သခင်မကြီးအတွက်
အစိမ်းရောင်မျက်လုံးနဲ့နတ်သားလေးကိုလက်ဆောင်ပေးပါ~*
Mrs.kimရဲ့ကျောက်စိမ်းရောင်မျက်လုံးတွေကို
သဘောကျတဲ့ဂျောင်ကုက ဆုတောင်းတာတောင်
မျက်လုံးစိမ်းလေးကမပါမဖြစ်~
YOU ARE READING
~~Lucky~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
