ကျောင်းနားပြီးပြန်တက်တဲ့ကလေးဆိုတာသိထားဘေမဲ့
ဒီလောက်ထိ လူထွားကြီးဖြစ်နေမယ်လို့မထင်ထားတဲ့ဆရာအသစ်က အံ့သြလို့~
"ခေါင်းကရေပြောင်အောင်သုတ်ခဲ့လား~"
"သုတ်ခဲ့တယ် ကိုင်ကြည့်လိုက်~"
"ဟုတ်သားဘဲ လာတော့ ဆရာစောင့်နေတာကြာပြီ~"
"သူ့အချိန်တောင်မရောက်သေးတာကို~"
"မောင် အဲ့လိုမပြောရဘူးလေ စိတ်မရှိပါနဲ့ဆရာရယ်
မောင်ကအဲ့လိုဘဲအပြောမတတ်ဘူး~"
"ရပါတယ်~"
"စာဘဲမဟုတ်ဘဲ အပြောအဆိုတွေလဲသင်ပေးပါဆရာ
ငယ်ကတည်းကအလိုလိုက်ထားတော့နည်းနည်းဆိုးချင်တယ်~"
"ဟုတ်ကဲ့ စိတ်ချပါ~"
"ဒါဆို ကရုစိုက်ပေးပါဦးနော်ဆရာ~"
"ကောင်းပါပြီ~"
"လိမ်လိမ်မာမာနေနော်မောင် ဆရာရဲ့စကားကိုနားထောင်~"
"ဟုတ်ကဲ့ပါကိုကိုရဲ့~"
"ဆရာနဲ့ရန်မဖြစ်ရဘူးနော်~"
"စာသင်ချိန်ရောက်ပြီ..မွ...ပြွတ်စ်~"
ထယ်ယောင်းကဂျောင်ကုကိုနမ်းပြီး
သူသင်ကြားရမယ့်စာတွေကို လေ့လာသင်ယူရာ
နှစ်တွေကြာနေပြီဆိုဘေမဲ့ သင်ကြားဖူးတဲ့စာဖြစ်နေလို့
သင်ယူရခက်ခဲမနေ~
"အကုန်မှန်တယ် နောက်သင်ခန်းစာအတွက်
15မိနစ်အနားယူလိုက်~"
"အွန်း~"
အနားယူဆိုတာနဲ့ ချက်ချင်းထသွားလိုက်တဲ့ထယ်ယောင်းကို
အပေါ့စွန့်သွားတယ်ထင်လိုက်တာ တကယ်တော့ထယ်ယောင်းကဂျောင်ကုဆီသွားတာ~
"ကိုကို~"
"ဟင် စာသင်တာကပြီးသွားပြီလား~"
"မပြီးသေးဘူး ခနနားတာကိုကိုရဲ့~"
"မွ~ပင်ပန်သွားပြီ~"
ခနနားတာတောင်သူ့ဆီလာတဲ့ထယ်ယောင်းကြောင့်
ဂျောင်ကုလဲအလိုက်သိစွာနဲ့ အနမ်းတွေပေးကာ
ပွေ့ဖက်ပေးတော့ အချိန်ပြည့်တာနဲ့ စာသင်ရာနေရာဆီသွားပြန်တဲ့ထယ်ယောင်း~
"နားလဲနားပြီးပြီဆိုတော့
သင်ခန်းစာအသစ်တက်ကြရအောင်နော်~"
YOU ARE READING
~~Lucky~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
💜32💜final
Start from the beginning
