"အခုတော့မဖြစ်သေးဘူး အခုလိုက်ချော့လဲရန်ဖြစ်မှာဘဲရှိတယ်~"

"ဒါဘေမဲ့.......

"လုပ်စရာရှိတာလုပ်ပြီးသွားကြတော့~"

"Nae~"

ဂျောင်ကုစကားကိုမလွန်ဆန်ရဲတဲ့ကလေးတွေလဲ
ကျည်ကာမှန်လာတပ်တဲ့လူတွေနဲ့ပြောစရာရှိတာတွေပြော
အခန်းကိုသန့်ရှင်းပေးပြီး ထွက်သွားကြလေရဲ့~

*ညနေတောင်ရောက်ပြီ မောင်ဗိုက်ဆာနေတော့မယ်~*

ကိုယ်တိုင်ကစိတ်မပျော်နေဘေမဲ့လဲ
ထယ်ယောင်းအတွက် ညနေစာချက်ပြုတ်ပြင်ဆင်ပေးပြီး
ခေါင်မိုးထပ်ကိုတက်သွားတော့ ထယ်ယောင်းက
လက်ကိုခေါင်းအုံးရင်းပက်လက်လှန်နေထားတာ~

"မောင် ညနေစာလာစားတော့ ကိုကိုပြင်ထားပြီးပြီ~"

"............."

"မောင်~"

"..............."

"အခုမစားချင်သေးရင် ဆာတဲ့အခါဆင်းစားလိုက်နော်
မစားဘဲနဲ့တော့မနေနဲ့~"

သူ့စကားကိုမကြားသလိုဘဲနေနေတဲ့ထယ်ယောင်းကြောင့်
ဂျောင်ကုဝမ်းနည်းလာကာ ရေချိုးခန်းထဲဝင်
ရေချိုးရင်းငိုရပါလေရော~

*ကိုကို့ကိုခွင့်လွတ်ပါမောင်ရယ် ဒါပြီးရင်
မောင်ကျေနပ်တဲ့အထိတောင်းပန်ပါ့မယ်
ဒီတစ်ခေါက်ဝက်အိုကြီးကိုအသေသတ်ခဲ့မှာမို့ပါ~*

ငိုလို့လဲဝ ရေလဲချိုးလို့ပြီးတာနဲ့အပြင်ထွက်
အဝတ်စားဝတ်ကာ ထမင်းဝိုင်းကိုသွားကြည့်တော့
ထမင်းဟင်းကအရာတောင်မယွင်းတာမို့
အပေါ်တက်ကြည့်ရာ ထယ်ယောင်းကမရှိတော့~

"မောင်~ဘယ်သွားနေတာလဲ~"

"............."

"မောင်!"

*မိုးမှောင်လာပြီကို ဘယ်သွားနေတာလဲ~*

စိုးရိမ်စိတ်တွေကြီးစိုးလာတဲ့ဂျောင်ကုက
တိုက်ရဲ့အောက်တွေကိုငုံ့ကြည့်ရာ လူအုံနေတာမျိုးမတွေ့လို့
အခန်းထဲပြန်ဝင်လာကာ ရှာကြည့်တော့ ဘယ်မှာမှမတွေ့ဘဲ
ဖိနပ်ပါပျောက်နေတာကိုတွေ့လိုက်ရတယ်။

*မောင်များငါ့ကိုထားသွားပြီလား~*

စိုးရိမ်စိတ်ကနေဝမ်းနည်းစိတ်ဝင်လာတဲ့ဂျောင်ကုက
တိုက်ခန်းအောက်ကိုဆင်းကာထယ်ယောင်းကိုရှာကြည့်ရင်း
ထယ်ယောင်းကိုမတွေ့ဘဲ ဘိုးတော်လွတ်လိုက်တဲ့ကားကိုသာတွေ့တာမို့ လိုက်သွားတော့တာပေါ့~

~~Lucky~~{Complete}Donde viven las historias. Descúbrelo ahora