"အစ်ကိုကြီး!"
"ဘာဖြစ်တာလဲ အလန့်တကြားနဲ့~"
"ကျွန်တော်တို့ထဲက လူသုံးယောက်ပျောက်နေတယ်~"
"ဘာ!...တောက်စ်...ဝက်အိုကြီးရဲ့လက်ချက်ဘဲဖြစ်မယ်~"
သွေးဆူလာတဲ့ဂျောင်ကုက သူ့ရဲ့ဖုန်းကိုယူကာ
ဘိုးတော်ဆီဖုန်းဆက်တော့ ချက်ချင်းကိုင်လာပုံအရ
သူထင်နေတာမှန်နေပုံ~
"လူယုတ်မာ ခဗျားဘာလုပ်တာလဲ~"
"ကိုယ်ဘာလုပ်လို့လဲbabyရယ်~"
"မသိသလိုဟန်ဆောင်မနေနဲ့!"
"ဟားဟားး...ဒီည8နာရီကို ကိုယ့်ဆီအရောက်လာခဲ့
babyရောက်မလာရင်
ဒီကလေးသုံးယောက်ကိုသတ်ပစ်မယ်~"
"သူတို့အသက်ရှိသေးလားသေချာချင်တယ်~"
"ရတာပေါ့ ကလေးတွေ မင်းတို့အစ်ကိုကြီးကိုအသံပေးလိုက်ပါဦး~"
"..............."
"ဟ~babyရဲ့ညီလေးတွေက အသံမထွက်အောင်ကြိုးစားနေကြတယ် စိတ်မပူပါနဲ့ အသံထွက်အောင်လုပ်ပေးမယ်~"
*ခွပ်!*
"အာ့!...မ..မလာနဲ့အစ်ကိုကြီး~"
"တောက်စ်!! သူတို့ကိုမထိနဲ့လူယုတ်မာ!"
"ဒီည8နာရီနော် အကြိုလူလွတ်လိုက်မယ်~"
ဒီတစ်ကြိမ်မှာလဲချောင်ပိတ်မိပြန်တဲ့ဂျောင်ကုက
ဘယ်လိုမှအဆင်မပြေတာကြောင့် သွားဖို့ဘဲဆုံးဖြတ်လိုက်ပြန်ဘေမဲ့ ထယ်ယောင်းသဘောကျမည်မဟုတ်~
"ဒီတစ်ခါတော့ ကိုကိုသွားမှဖြစ်မယ်မောင်
ကလေးတွေကသူ့လက်ထဲမှာ~"
"မသွားနဲ့~"
"မရဘူး ကိုကို့ကိုမတားပါနဲ့တော့ အကျပ်လဲမကိုင်နဲ့တော့~"
"ရတယ်လေ ဒီနေရာမှာကိုကိုကဘုရင်ဘဲ
ကိုကိုကြိုက်တာလုပ်~"
ပြောပြီး ခေါင်မိုးထပ်ပေါ်တက်သွားတဲ့ထယ်ယောင်းက
ဒေါသထွက်သွားပြီဆိုတာကိုဂျောင်ကုသိဘေမဲ့
သူလဲမတတ်နိုင်တော့တာမို့ ရှေ့ဆက်ဖို့သာ~
"အစ်ကိုကြီး အစ်ကိုကြီးရဲ့ရည်းစားကစိတ်တိုသွားပြီလေ
လိုက်မချော့ဘူးလား~"
YOU ARE READING
~~Lucky~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
