"မလုပ်နဲ့ မောင့်ရဲ့လက်ကအခုမှချုပ်ထားစမို့
မလှုပ်ရှားတာကောင်းမယ်~"

ထို့နောက်မှာတော့ဂျောင်ကုက ခေါင်းအုံး အိပ်ယာခင်း
စောင်အကုန်လုံးကိုဖယ်ထုတ်ကာ
ရေချိုးခန်းရေကိုသွားယူပြီး တစ်ခန်းလုံးကိုကြမ်းတိုက်
လေလုံဗီရိုထဲထည့်ထားတဲ့စောင်တွေဆခါင်းအုံးတွေယူကာ
အသစ်ခင်းလိုက်တယ်။

"ရပြီမောင် အထဲဝင်လာတော့~"

"ကိုကို့ဘောင်းဘီတွေရေစိုကုန်ပြီ~"

"အရင်ကမောင့်ရဲ့အဝတ်စားတွေယူဝတ်လိုက်မယ်
ကောင်းဦးမှာပါ~"

"ယူဝတ်လိုက်လေ~"

ဂျောင်ကုက အရင်ကထယ်ယောင်းရဲ့အဝတ်စားတွေယူဝတ်ရာ ကွက်တိကျမနေဘဲ နည်းနည်းကြီးနေတာမို့
ဂျောင်ကုအလိုမကျ~

"ကိုကိုကအရင်ကတည်းကအခုထိမထွားလာတော့တာထင်တယ် မောင်16နှစ်သားတုန်းကအဝတ်စားတွေတောင်
ကိုကိုနဲ့ချောင်တယ်ဆိုတော့~"

"ဒါဘေမဲ့ကိုကိုကချစ်စရာလေးပါ လှလဲလှတယ်~"

"ဟုတ်ပါပြီ လာ အနားယူတော့~"

နှစ်ယောက်အတူတူအိပ်ယာပေါ်တက်ကာ
ဂျောင်ကုက ဒဏ်ရာမရထားတဲ့ဘက်ကထယ်ယောင်းရဲ့
ပုခုံးပေါ်ခေါင်းတင်ထားလေရဲ့~

"တကယ်တမ်းဆိုရင်မောင်က အခုတက္ကသိုလ်ကျောင်းသားလေးဖြစ်နေမှာနော် အခုတော့ကျည်ဆန်တွေကြားပြေးလွှားနေရတယ်~"

"အဲ့တာappaကြောင့်လေ appaလုပ်လို့အခုလိုတွေဖြစ်တာ~"

"အဲ့လိုမပြောရဘူးလေမောင်ရဲ့ မောင့်အဖေကလဲ
ဒီလိုဖြစ်လာမယ်မထင်လို့ပါ ပြီးတော့သူလုပ်ခဲ့တာတွေအားလုံးက မောင့်ကိုချစ်လို့လုပ်ခဲ့တာတွေချည်းဘဲ~"

"မချစ်ပါဘူး ချစ်ရင်ဘာလို့ကိုယ့်သားစိတ်ဆင်းရဲအောင်လုပ်မှာလဲ~"

"မောင်~မောင့်အဖေနဲ့ ကိုကို့အဖေကိုယှဥ်ကြည့်လိုက်
မောင့်အဖေကသူ့သားအတွက်နဲ့သူစိမ်းတစ်ယောက်ကိုဒုက္ခရောက်အောင်လုပ်တယ်ဘဲထား ကိုကို့အဖေကတော့
သူ့အတွက်နဲ့သားအရင်းကိုပစ္စည်းတစ်ခုလိုရောင်းစားပစ်တာ~"

~~Lucky~~{Complete}Место, где живут истории. Откройте их для себя